Connect with us

WORLD

လာအိုနိုင်ငံတွင် ၇ ရက်ဆက်တိုက် COVID-19 ဗိုင်းရပ်စ်ထပ်မံကူးစက်ခံရသူမရှိ 

လာအိုနိုင်ငံCOVID-19 ရောဂါတိုက်ဖျက်ရေးနှင့်ကုသရေးအတွက် ဗီယင်ကျန်းမြို့ Mittaphab ဆေးရုံတွင် ပါဝင်ကူညီအားဖြည့်ဆောင်ရွက်လျက်ရှိသော တရုတ်ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့ အားတွေ့ရစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) 

လာအိုနိုင်ငံတွင် ၇ ရက်ဆက်တိုက် COVID-19 ဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူမရှိကြောင်း နှင့် အတည်ပြုလူနာ ၁၉ ဦးဖြင့် ရပ်တန့်လျက်ရှိကြောင်း သိရသည်။ 

လာအိုနိုင်ငံတွင် COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသည့် အတည်ပြုလူနာ ၁၉ ဦးဖြင့် ဆက်လက် ရပ်တည်နေဆဲဖြစ်ကြောင်း၊ အသစ်ထပ်မံကူးစက်ခံရသူမရှိကြောင်း လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Phouthone Meaungpak က ဧပြီ ၁၉ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

လာအိုနိုင်ငံတွင် ဧပြီ ၁၉ ရက် အထိ သံသယလူနာပေါင်း ၁,၃၃၃ ဦးအား COVID-19 ရောဂါပိုးရှိမရှိ စမ်းသပ်ခဲ့ကြောင်း၊ ၁၉ ဦးတွင်ရောဂါပိုးရှိသည်ကို တွေ့ရှိခဲ့ကြောင်း နှင့် ယင်းတို့အနက် ၂ဦးမှာ ပြန်လည်ကျန်းမာ၍ ဆေးရုံမှ ဆင်းသွားကြပြီဖြစ်ကြောင်း သိရသည်။ လာအိုနိုင်ငံတွင် ပထမဆုံး COVID-19 အတည်ပြုလူနာ ၂ ဦးတွေ့ရှိကြောင်းကို မတ် ၂၄ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)