Connect with us

Myanmar

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ဇဟားရဲကင်း၌ ပစ်ခတ်မှုဖြစ်ပွား၊ ရဲတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဓာတ်ပုံ-အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး)

ရန်ကုန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ဇဟားလုံခြုံရေးရဲကင်း၌ ယနေ့ (နိုဝင်ဘာ ၉ရက်) နံနက်အစောပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးသွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ အမြန်လမ်းမကြီး မိုင်တိုင် (၁၁၀)ရှိဇဟားလုံခြုံရေးရဲကင်းအား လက်နက်ကိုင်ဆောင်သူများက လာရောက်စီးနင်းပစ်ခတ်ခဲ့ခြင်းကြောင့် ရဲကင်းကျပြီး ရဲ ၅ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုသို့လာရောက်စီးနင်းပစ်ခတ်သော လက်နက်ကိုင်များသည် ရဲကင်းရှိလက်နက်အချို့ကိုယူဆောင်သွားခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။ (Xinhua)