Connect with us

Agriculture

ကျွဲကောအများဆုံး စိုက်ပျိုးရာဒေသများတွင် ကျွဲကောဇုန်များတည်ထောင် သွားရန် ရည်ရွယ်

ကျွဲကောပင်အားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာ့အလင်း)

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

မြန်မာ့ကျွဲကော အထွက်နှုန်း တိုးစေရန် နှင့်နိုင်ငံတကာ သို့တင်ပို့နိုင်စေရန် ရည်ရွယ်ကာ ကျွဲကောအများဆုံး စိုက်ပျိုးရာဒေသများတွင် ကျွဲကောဇုန်များတည်ထောင် သွားရန် ရည်ရွယ်ထားကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

အထူး သဖြင့် မွန်ပြည်နယ် ကျိုက်ထို၊ မုဒုံနှင့် ရေးမြို့နယ်များတွင် ကျွဲကောဇုန်များ တည် ထောင်သွားရန်ရှိပြီး အဆိုပါ စိုက်ပျိုးရေးဇုန်များကို GAPစနစ်ဖြင့် ပြည်ပသို့ တင်ပို့ရန် အလားအလာကောင်းသည့် ကျွဲကောမျိုးများအား တစ်စုတစ်စည်းတည်း စိုက်ပျိုးသွားရန် ရည်ရွယ်ထားကြောင်း ၊ဒေသနှင့် ကိုက်ညီသည့် ဈေးကွက်ဝင် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူး သွားရန်၊ ပုဂ္ဂလိက ဥယျာဉ်ခြံများ မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်သွားရန်၊ လက်ရှိ ကျွဲကောခြံများ အဆင့်မြှင့်တင်ရန်နှင့် အသစ်ထပ်မံစိုက်ပျိုးမည့် ခြံများအတွက် လိုအပ်သည့် စိုက်ပျိုးထုတ်လုပ်စရိတ်များအား နှစ်လတ်၊ နှစ်ရှည် ချေးငွေများ ရရှိရေး ဆောင်ရွက်သွားရန်၊ ထွက်ရှိလာသည့် သီးနှံများအား စနစ်တကျ ထုပ်ပိုးသွားနိုင်ရန် နှင့် ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားရန် အတွက်လည်း ပြည်နယ်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း သိရသည်။

မြန်မာ့ကျွဲကောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပပို့ကုန်မြှင့်တင်ရေးအလုပ်ရုံ ဆွေးနွေးပွဲကိုလည်း အောက်တိုဘာလကုန်ပိုင်းက မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ အဇင်း စိုက်ပျိုးရေးခြံတွင် ကျင်းပခဲ့ပြီး ကျွဲကောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်မြှင့်တင် ရေးအတွက် လက်ရှိဖြစ်ပေါ်နေသည့် ကျွဲကောစိုက်တောင်သူများ၏ အခက်အခဲနှင့် စိန်ခေါ်မှုများ၊ အားနည်းချက်၊ အားသာချက်များ၊ ပြည်ပပို့ကုန်မြှင့်တင်ရန်အတွက် မျိုးကောင်းမျိုးသန့် ကျွဲကောမျိုးများ စိုက်ပျိုးထုတ်လုပ်ရေးနှင့် ရှေ့ဆက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.