Connect with us

Agriculture

စစ်ကိုင်းတိုင်းဒေသကြီး တွင်တောင်သူများ ဆောင်းသီးနှံစိုက်ပျိုးနိုင်ရန် ငွေကျပ်သန်းပေါင်း ၄၅,၀၀၀ ကျော် ထုတ်ချေးပေးရန်လျားထား

မုံရွာမြို့နယ်အတွင်း ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ခင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသည့် တောင်သူများ ဆောင်းသီးနှံ များအချိန်မီစိုက်ပျိုးနိုင်ရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေကျပ်(၄၅၃ဝဝ.၉၅)သန်းအား ထုတ်ချေးပေးသွားရန် လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီးမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်(၃၂)ခုမှ ကျေးရွာပေါင်း (၁၅၈ဝ)ရွာရှိ အစုအဖွဲ့ပေါင်း(၁၁၅၄၂၉)စုမှ အသင်းသားပေါင်း (၃၃၄၉၁၈)ဦးသို့ စပါး (၁၂၅၂၉၂၁)ဧကနှင့် အခြားသီးနှံ(၅၈၂၃၂၈)ဧက စိုက်ပျိုးနိုင်ရန်အတွက် ချေးငွေကျပ် (၂၁၇ဝ၅၇.၂၅)သန်းကို ထုတ်ချေးပေးခဲ့ပြီး၊ ဆောင်းသီးနှံများ စိုက်ပျိုးနိုင်ရန်အတွက် ငွေကျပ် (၄၅၃ဝဝ.၉၅) သန်းကိုလည်း ထုတ်ချေးပေးနိုင်ရန်အတွက် လျာထားကြောင်း ပြန်ကြားရေးဝန်ကြီးဌန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.