Connect with us

Agriculture

မောင်တောမြို့ရှိ ပိုင်ရှင်မဲ့မိုးစပါးများ ရောင်းချပြီးလျှင် မူလပိုင်ရှင်ထံ လွှဲပြောင်းပေးမည်

မောင်တောမြို့၌ ရိတ်သိမ်းနေသော မိုးစပါးများအားတွေ့ရစဉ်(ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ပိုင်ရှင်မဲ့မိုးစပါးများအား ရိတ်သိမ်း၊ရောင်းချပြီးလျှင် မူလပိုင်ရှင်ထံ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

ကျေးရွာဒေသအလိုက် နေရပ်စွန့်ခွာသူများ၏ မိုးစပါးများ အချိန်မီ ရိတ်သိမ်း နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထိန်းသိမ်းရေးကော်မတီဖွဲ့စည်း၍ မောင်တောဒေသအတွင်းရှိ မိုးစပါးစိုက်ပျိုးထားသည့် ဧက ၄၅၂၈၆ ဧက အတွင်းရှိ မိုးစပါး များကို အောက်တိုဘာ ၂၈ ရက်မှ စတင်၍ ရိတ်သိမ်းခြွေလှေ့စက် ၄၄ စီးဖြင့် လတ်တလောရင့်မှည့်နေသော မိုးစပါးများကို အလေအလွင့် ဖြစ်မသွားစေရန် ရိတ်သိမ်းခဲ့ရာ နိုဝင်ဘာ ၁၃ ရက် အထိ ၁၇၁၄ ဒဿမ ၂၄ ဧကကို ရိတ်သိမ်းပေးနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတို့ ရိတ်သိမ်းရာတွင် မြို့သူကြီးကျေးရွာအုပ်စု၊ ကံကျတောင်ကျေးရွာမှ ၄၈ ဒဿမ ၆ ဧက၊ ရာဇာဘီ ကျေးရွာမှ ၂၆ ဧက၊ သောင်ပိုင်ညာ ကျေးရွာမှ ၂၄ ဒဿမ ၅ ဧက၊ ကံပူးကျေးရွာအုပ်စု ၊ ကံပူးကျေးရွာမှ ၃၂၇ ဒဿမ ၅ ဧက ၊ ကျောင်းတောင် ကျေးရွာအုပ်စု၊ ကျောင်းတောင် ကျေးရွာမှ ၄၇၆ ဒဿမ ၂ ဧက၊ ဝါးချကျေးရွာအုပ်စု၊ အုန်းတော ကျေးရွာမှ ၁၂၈ ဒဿမ ၉ ဧက၊ နွားရုံတောင် ကျေးရွာအုပ်စု၊ နွားရုံတောင်ကျေးရွာမှ ၂၀၃ ဒဿမ ၃၂ ဧက၊ အလယ်သံကျော် ကျေးရွာအုပ်စု၊ အလယ်သံကျော် ကျေးရွာမှ ၂၂၅ ဒဿမ ၇ ဧက၊ သံဒါ ကျေးရွာအုပ်စု၊ သံဒါကျေးရွာမှ ၁၉၈ ဒဿမ ၈၂ ဧက၊ ကျီးကန်းပြင်ကျေးရွာအုပ်စု၊ ကျီးကန်းပြင်ကျေးရွာ မှ ၉ ဒဿမ ၇ ဧက၊ မြင်းလွှတ်ကျေးရွာအုပ်စု၊ မြင်းလွှတ်ကျေးရွာမှ ၄၅ ဧကတို့အား ရိတ်သိမ်းနိုင်ခဲ့ပြီး စပါးတင်းပေါင်း ၆၅၆၂၈ တင်း ထွက်ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ရိတ်သိမ်းခြွေလှေ့ပြီး ထွက်ရှိလာသော မိုးစပါးများကို ရောင်းချ၍ ရရှိလာသည့်ငွေများကိုဘဏ်တွင် အကောင့်တစ်ခု ဖွင့်လှစ်၍ နိုင်ငံတော်မှထိန်းသိမ်းထားရှိမည်ဖြစ်ပြီး ရရှိလာသည့် ငွေကြေးများကို မောင်တောဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ပြန်လည်အသုံးချသွားမည် မဟုတ်ဘဲ နေရပ်စွန့်ခွာသူ လယ်ပိုင်ရှင်များ ပြန်လည်ရောက်ရှိလာချိန်တွင် ပြန်လည်ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက် ထားခြင်းဖြစ်ကြောင်း သိရသည်။

ကျန်ရှိနေသည့် မိုးစပါးစိုက်ဧက ၂၈၇၅ ဒဿမ ၆၉ ဧကကို အမြန်ဆုံး ရိတ်သိမ်း ခြွေလှေ့နိုင်ရန် ရိတ်သိမ်း ခြွေလှေ့စက် ၂၅ စီး ထပ်မံ ဖြည့်တင်း၍ စုစုပေါင်း ရိတ်သိမ်း ခြွေလှေ့စက် ၆၉ စီး ဖြင့် အချိန်မီ ဆက်လက်ရိတ်သိမ်းရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်တောဒေသအတွင်း ပိုင်ရှင်မဲ့စပါးများ ရိတ်သိမ်း၊ ရောင်းချပြီး နိုင်ငံတော်ဘတ်ဂျက်သို့ ထည့်သွင်းမည်ဆိုသည့် သတင်းဖော်ပြချက်မှာ မှန်ကန်မှုမရှိပါကြောင်း သတင်းထုတ်ပြန်တွင်လည်း ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.