Connect with us

Culture & Entertainment

တိုင်းရင်းသားလူမျိုးများ၏ ဝတ်စားဆင်ယင်မှုပြခန်း ဖွင့်လှစ်

တိုင်းရင်းသားလူမျိုးများ၏ ၀တ်စားဆင်ယင်မှုပြခန်းအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနတွင် တိုင်းရင်းသားလူမျိုးများ၏ ဝတ်စားဆင်ယင်မှု ပြခန်းကို ဖွင့်လှစ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

အဆိုပါပြခန်းတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း လူမျိုးတို့၏ တိုင်းရင်းသားမျိုးနွယ်စု ရိုးရာ ဝတ်စုံများ၊ အသုံးအဆောင်များနှင့် အစားအသောက်များကို ခင်းကျင်းပြသထားကြောင်း သိရသည်။

တိုင်းရင်းသား မျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်မှုများ၊ ရိုးရာဓလေ့များ၊ ရိုးရာအသုံးအဆောင်ပစ္စည်းများ၊ ရိုးရာ အစားအသောက်များကို တစ်နေရာ တည်း၌ စုံလင်စွာ လေ့လာကြည့်ရှုနိုင်ရန် ဗဟုသုတ ရရှိစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ထားကြောင်း သိရသည်။

ယင်းပြခန်းကို ရုံးဖွင့်ရက်များတွင် ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း၊ အဆိုပါ ပြခန်းဖွင့်လှစ်သည့်အခါတွင် လိုအပ်သည့် တိုင်းရင်းသားရိုးရာ ဝတ်စုံများ၊ တိုင်းရင်းသားများ၏ အသုံးအဆောင် ပစ္စည်းများ၊ ၎င်းတို့၏ တူရိယာပစ္စည်းများ ကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များမှ အလှူခံခဲ့ပြီး အချို့ဒေသများ၌ တိုင်းရင်းသားများ ထံမှတစ်ဆင့် ဝယ်ယူစုဆောင်း၍ ခင်းကျင်းပြသ ထားခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.