Connect with us

Culture & Entertainment

ရန်ကုန်မြို့တော် မဟာသင်္ကြန် ရေသဘင်ပွဲတော်၊ ဗဟိုမဏ္ဍပ်၌ ပြိုင်ပွဲဝင်ရန် ယိမ်းအဖွဲ့များလျှောက်လွှာတင်သွင်းနိုင်

၂၀၁၇ ခုနှစ် မဟာသင်္ကြန်ရေသဘင်ပွဲတော်တွင် ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများ ကျင်းပနေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

၁၃၈၃ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန် ရေသဘင်ပွဲတော်ဗဟိုမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများအား ယခင်နှစ်များနည်းတူ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပြိုင်ပွဲဝင်ရန် ယိမ်းအဖွဲ့များအနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန၊ (ရေစီးရေလာစီမံခန့်ခွဲမှု) တွင် လျှောက်လွှာတင်သွင်းနိုင်ကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လက်ထောက်ဌာနမှူး၊ ဦးအောင်မြင်ခန့်က ဆင်ဟွာသို့ ယနေ့ မတ် ၁၉ ရက်တွင် ပြောကြားသည်။“ကျွန်တော်တို့ တိုင်းဒေသကြီးအစည်းအဝေးက မနေ့ကလုပ်တယ်။ ကော်မတီအစည်းအဝေးကို တနင်္လာနေ့ လုပ်မှာပါ။ မတ် ၂၂ ရက်နေ့မှာလျှောက်လွှာတွေလာယူလို့ရမှာပါ။ ကျွန်တော်တို့အကဲဖြတ်ကော်မတီအနေနဲ့ ယိမ်းပြိုင်ပွဲတွေရှိမယ်။ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကတွေပါဝင်မှာပါ’’ ဟု ဦးအောင်မြင်ခန့်က ဆက်ပြောသည်။

ယိမ်းပြိုင်ပွဲများကို ၁၂ ဦးယိမ်း (မူကြိုကျောင်းများ)၊ ၁၂ဦးယိမ်း (ကျောင်းများ)၊ ၁၂ ဦးယိမ်း (ရုံး/အခြားဌာနများ) ၊ ၁၆ ဦးယိမ်း (ကျောင်းများ)၊ ၁၆ ဦးယိမ်း (ရုံး/အခြားဌာနများ)၊၂၀ ဦးယိမ်း (အလွတ်တန်း)၊ ၁၂ ဦးယိမ်း (ကျား) (အလွတ်တန်း)၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများ အပါအဝင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်မည့် အကအဖွဲ့များအနေဖြင့် မတ် ၃၁ ရက်အထိ ရုံးချိန်အတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၌ လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.