Connect with us

Culture & Entertainment

ကျိုက်ထီးရိုးစေတီတော် ယခုနှစ်အလှူငွေ ယမန်နှစ်ထက် ကျပ် သုံးဘီလျံခွဲကျော် ပိုမိုရရှိ

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ အဝင်ဝမုဒ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီတော်သည်၂၀၁၆ စက်တင်ဘာ ၂၂ ရက်တွင် ဂေါပက အဖွဲ့ဟောင်းကို ဖျက်သိမ်းပြီး ဂေါပကအဖွဲ့အသစ်ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၁၆ – ၂၀၁၇ ပွဲတော် ရာသီအတွင်း အလှူခံ ရရှိငွေမှာ ကျပ် ၅ ဒသမ ၁၇ ဘီလျံဖြစ်ပြီး ယခင်ပွဲတော် ရာသီ ၂၀၁၅ – ၂၀၁၆ ခုနှစ် အလှူခံ ရရှိငွေထက် ကျပ် ၃ ဒသမ ၅၇ ဘီလျံ ပိုကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်သော ၎င်းဌာန၏ တစ်နှစ်တာ ဆောင်ရွက်ချက်များတွင် ဖော်ပြပါရှိသည်။

ကျိုက်ထီးရိုး ရင်ပြင်တော် တိဿဆောင်၊ ဆီမီး ကိုးထောင်၊ ပြည့်စုံ ဓမ္မာရုံတို့တွင် ဘုရားဖူးဧည့်သည် ၁၂၆၇ ဦးအား တစ်ပြိုင်တည်း အခမဲ့ တည်းခိုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ စေတီတော် ရင်ပြင် ပေ ၄၀ ဓမ္မာရုံ၊ သုံးထပ် ဓမ္မာရုံ၊ ဂေါပက ဓမ္မာရုံ၊ တည်းခိုဆောင် (၁)၊ (၂)၊ (၃) တို့တွင် လေအေးစက် အပါအဝင် ဝန်ဆောင်မှုများဖြင့် ဧည့်သည် ၁၄၄၀ ဦးတို့အား သက်သာသော ဈေးနှုန်းများဖြင့် တစ်ပြိုင်တည်း တည်းခိုနိုင်စေရန် စီစဉ်ပေးနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ ရွှေတိဂုံစေတီတော်တွင်လည်း ပြန်လည် ဖွဲ့စည်းသော ဂေါပက အသစ် လက်ထက်တွင် ရွှေတိဂုံ စေတီတော်၏ ၂၀၁၇ ခုနှစ် ရရှိသော ဘဏ္ဍာငွေမှာ ၂၀၁၆ ခုနှစ်ထက် ကျပ်ငွေ နှစ်ဘီလျံ ကျော်နှင့် အမေရိကန်ဒေါ်လာ တစ်သိန်းကျော် ပိုမိုရရှိခဲ့ကြောင်း၊ မန္တလေး မဟာမုနိဘုရားကြီးတွင် ဂေါပကအဟောင်း လက်ထက် ၂၀၁၅ ခုနှစ်၌ ဘဏ္ဍာငွေ ၆ ဒသမ ၄၆ ဘီလျံကျော်နှင့် အမေရိကန် ဒေါ်လာ ၃၄၈၈၅၈၊ ၂၀၁၆ ခုနှစ်တွင် ဘဏ္ဍာငွေ ကျပ် ၈ ဒသမ ၇၁ ဘီလျံကျော်နှင့် အမေရိကန် ဒေါ်လာ ၃၆၃၁၄၇ ရရှိခဲ့ပြီး ပြန်လည် ဖွဲ့စည်းသည့် ဂေါပကအသစ် လက်ထက်၌ ၂၀၁၇ ခုနှစ်တွင် ကျပ် ၁၁ ဒသမ ၉၃ ဘီလျံကျော်နှင့် အမေရိကန်ဒေါ်လာ ၉၁၁၂၉ ရရှိခဲ့ကြောင်း ဖော်ပြပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.