Connect with us

Culture & Entertainment

ခါကာဘိုရာဇီဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာ သတ်မှတ်နိုင်ရေး ဆောင်ရွက်မည်

ကချင်ပြည်နယ် ပူတာအိုခရိုင် အတွင်းရှိ ခါကာဘိုရာဇီ ရေခဲတောင် မြင်ကွင်း (ဓါတ်ပုံ အင်တာနက်)

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ပူတာအိုခရိုင် အတွင်းရှိ ခါကာဘိုရာဇီ ရေခဲတောင် ဒေသအား ကမ္ဘာ့သဘာဝ အမွေအနှစ် စာရင်းဝင် နေရာအဖြစ် သတ်မှတ်နိုင်ရေး အတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ဆွေးနွေး ခဲ့ကြောင်း ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးမှ ယနေ့ သတင်း ထုတ်ပြန်သည်။

ခါကာဘိုရာဇီ ရေခဲတောင်သည် အရှေ့တောင်အာရှတွင် တစ်ခုတည်းသော ရေခဲတောင်ဒေသ ဖြစ်သည့် အတွက် ခါကာဘိုရာဇီ ဒေသကို ကမ္ဘာ့သဘာဝ အမွေအနှစ် စာရင်းဝင် နေရာအဖြစ် သတ်မှတ်နိုင်ရေး၊ ဒေသခံတိုင်းရင်းသား လူမျိုးများ၏ လူနေမှု အဆင့်အတန်း မြင့်မားလာရေး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အမွေအနှစ်များ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရာတွင် ဒေသခံ တိုင်းရင်းသားများ ပူးပေါင်း ပါဝင်နိုင်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.