Connect with us

Culture & Entertainment

မြန်မာ-ကိုရီးယား ပထမဆုံးပြုလုပ်မည့် ဂန္တဝင်တေးဂီတဖျော်ဖြေပွဲ အမျိုးသားကဇာတ်ရုံတွင် ကျင်းပမည်

ဂီတဖျော်ဖြေပွဲ ကြော်ငြာစာရွက်အားမြင်တွေ့ရစဉ်

ရန်ကုန်၊ဇန်နဝါရီ၅ရက်(ဆင်ဟွာ)

မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေးအထိမ်းအမှတ်အနေဖြင့် ပထမဆုံးပြုလုပ်မည့် ဂန္တဝင်တေးဂီတဖျော်ဖြေပွဲကို ၂၀၁၆၊ ဇန်နဝါရီ ဒုတိယပတ်အတွင်း ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

1st Exchange K-Classical Concert အမည်ရ အဆိုပါ နှစ်နိုင်ငံ၏ ဂန္တဝင်တေးဂီတဖျော်ဖြေပွဲအား အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) ၊ ဂီတပညာဌာနနှင့် Korea International Continuing Education Branch Myanmarတို့က ပူးပေါင်းစီစဉ်ကျင်းပ ပေးခြင်းဖြစ်သည်။

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်အတွင်းရှိ အမျိုးသားကဇာတ်ရုံတွင် ၂၀၁၆၊ ဇန်နဝါရီ၊ ၉ ရက်နှင့် ၁၀ ရက်တို့ တွင် ကျင်းပမည့် 1stExchange K-Classical Concert အနုပညာဖျော်ဖြေပွဲတွင် တောင်ကိုရီးယားနိုင်ငံမှ အနုပညာရှင်များ၊မြန်မာအနုပညာရှင်တစ်ဦးဖြစ်သည့် ဂီတပညာရှင် ဓီရာမိုရ်နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) ၊ဂီတပညာဌာနမှ ကျောင်းသူ/ကျောင်းသားများ ပါဝင်မည်ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံမှ ဖျော်ဖြေမည့် အနုပညာရှင်များတွင် Soprano န ှင့် Tenor သီဆိုမှုပုံစံများဖြင့် ဖျော်ဖြေမည့်နာမည်ကျော် ဂီတပညာရှင်များ၊ စန္ဒယားပညာရှင်များနှင့် အခြားအနုပညာရှင်များ ပါဝင်ဖျော်ဖြေမည်ဖြစ်သည်။မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပမည့် အဆိုပါ ဂန္တဝင် တေးဂီတဖျော်ဖြေပွဲအား ယခုနှစ်မှစတင်၍ နှစ်စဉ်နှစ်တိုင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယား – မြန်မာနှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ်အနေဖြင့် ပြုလုပ်မည့် အဆိုပါ ဂန္တဝင်တေးဂီတဖျော်ဖြေပွဲကိုဝင်ကြေးအခမဲ့ဖြင့် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.