Connect with us

Culture & Entertainment

ပုဂံဒေသ၏ နေဝင်ချိန်ကို ကြည့်ရှုနိုင်ရန် နေရာသစ် တစ်ခု ဖန်တီးသွားမည်

ပုဂံဒေသ ရှုခင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

ပုဂံဒေသ၏ နေဝင်ချိန်ကို ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ အဆင်ပြေစွာ ကြည့်ရှု နိုင်ရန် စူဠာမဏိ စေတီ ဘေး၌ ယဉ်ကျေးမှု အမွေအနှစ်များ မထိခိုက် စေဘဲ နေရာသစ် တစ်ခုကို ဖန်တီး ပေးသွားမည် ဖြစ်ကြောင်း ပုဂံဟိုတယ်ဇုန် ဧည့်လမ်းညွှန် အသင်းမှ သတင်း ထုတ်ပြန်သည်။

လက်ရှိတွင် ခရီးသွားရာသီ ဖြစ်သဖြင့် ပုဂံဒေသ၏ နေဝင်ချိန်ကို လာရောက် ကြည့်ရှုကြသည့် ခရီးသွား များပြားလာပြီး နေရာ မလုံလောက်သည့် ပြဿနာကို ဖြေရှင်းနိုင်ရန် နေဝင်ချိန် ကြည့်ရှုနိုင်မည့် နေရာသစ် အဖြစ် စူဠာမဏိ စေတီ ဘေးရှိ ရေကန်ပေါင်အား နေဝင်ချိန် ကြည့်ရှုနိုင်မည့် အမြင့်သို့ မြှင့်တင်ပေးကာ ယဉ်ကျေးမှု အမွေအနှစ်များ မထိခိုက် စေမည့် ပုံစံမျိုးဖြင့် ပုံဖော်၍ ကန်ပေါင်ပေါ်မှ ကြည့်ရှုနိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသ၏ နေဝင်ချိန်ကို ရွှေဆံတော် ဘုရား၊ ပြဿဒ်ကြီး ဘုရားနှင့် ဧရာဝတီမြစ် အတွင်းမှ လှေများဖြင့် ကြည့်ရှုနိုင်ရန် ခွင့်ပြုပေး ထားပြီး နေ့စဉ် လာရောက် ကြည့်ရှုသူ ထောင်နှင့်ချီ ရှိကြောင်း၊ ပုဂံဒေသ သို့ နိုင်ငံခြားခရီးသွား ဧည့်သည် ဝင်ရောက်မှုမှာ ၂ဝ၁၄ ခုနှစ်အတွင်း ၂၄ဝဝဝဝ ကျော် ဝင်ရောက်ခဲ့ပြီး ၂ဝ၁၅ ခုနှစ်တွင် လူဦးရေ ၂၅ဝ,ဝဝဝ ကျော်အထိ ဝင်ရောက် နိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.