Connect with us

Culture & Entertainment

(၉) ကြိမ်မြောက် အာရှနိုင်ငံတကာ ကလေးများ ရုပ်ရှင် ပွဲတော် (၂ဝ၁၅) တွင် မြန်မာနိုင်ငံမှ ဆု ၂ ဆု ရရှိခဲ့

အာရှ နိုင်ငံတကာ ကလေးများ ရုပ်ရှင် ပွဲတော်တွင် ယှဉ်ပြိုင်ခဲ့သော မြန်မာလူငယ်များ အား တွေ့ရစဉ် (ဓာတ်ပုံ- သန်းနောင်ဝင်း Facebook)

ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

(၉)ကြိမ်မြောက် အာရှနိုင်ငံတကာ ကလေးများ ရုပ်ရှင် ပွဲတော် (၂ဝ၁၅) တွင် မြန်မာနိုင်ငံ Laurel Art Academy အနုပညာ သင်တန်းကျောင်းမှ မောင်ကျော်သီဟနှင့်မောင်သန်းနောင်ဝင်း တို့ ဆုများရရှိခဲ့ကြောင်း Laurel Art Academy သတင်းရရှိသည်။

ယခုနှစ်ပွဲတော်တွင် မြန်မာနိုင်ငံအတွက် ၁၅ နှစ်မှ ၁၇ နှစ်အတွင်း လူငယ်များကို ရွေးချယ်ပြီး “ကျွန်ုပ်၏ အပျော်ရွှင်ဆုံးအချိန်” ခေါင်းစဉ်ဖြင့် ဇာတ်လမ်းတိုများကို ရိုက်ကူးစေ ခဲ့ခြင်းဖြစ်သည်။

ဆုရရှိခဲ့သည့် မောင်သန်းနောင်ဝင်း အနုပညာအမည် တိုးတိုးက “ကျွန်တော် ဒီဇာတ်ကား ရိုက်တော့ မြန်မာနိုင်ငံ မှာ ရေဘေး ဖြစ်နေတယ်။ အဲဒီမှာ မြန်မာလူမျိုးတွေရဲ့ အလှူအတန်း ရက်ရောတဲ့စိတ်ကို အခြေခံပြီး ရိုက်လိုက်တာပါ။ တခြားနိုင်ငံတကာ ရုပ်ရှင် ဇာတ်ကားတွေကြည့်ပြီး ကျွန်တော့်ဇာတ်ကားကို အားမရဘူး။ Award Winner ဆုရတာပါ။ ဆုရလို့ ပျော်ပါတယ်။ ဒါပေမယ့် ကိုယ်ရိုက်တဲ့ ဇာတ်ကားမှာ လိုအပ်ချက်လေးတွေ ရှိနေသေး တယ်လို့ ထင်ပါတယ်’’ ဟုပြောသည်။

(၉) ကြိမ်မြောက် အာရှနိုင်ငံတကာ ကလေးများ ရုပ်ရှင် ပွဲတော် (၂ဝ၁၅) ကို နိုဝင်ဘာ ၂၈ ရက်နေ့က ဂျပန်နိုင်ငံ ဟိုကိုင်းဒိုကျွန်း ခိတမိမြို့၌ ကျင်းပခဲ့သည်။ ပွဲတော်တွင် နိုင်ငံနှင့် ဒေသပေါင်း ၁၇ နိုင်ငံမှ ပြိုင်ပွဲဝင် သုံးမိနစ်စာ ဇာတ်လမ်းတို ရုပ်ရှင် ကားပေါင်း ၃ဝဝ ကျော်ရှိ၍ ၄၄ ကားရွေးချယ် ခံရပြီး ၁၆ ဆု ချီးမြှင့်သည့် အနက် မြန်မာနိုင်ငံမှ ဆု ၂ ဆု ရရှိခဲ့ခြင်း ဖြစ်သည်။ နောင်နှစ်ပွဲတော်တွင် “ကျွန်ုပ်၏ အမုန်းဆုံးအရာ” ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.