Connect with us

Culture & Entertainment

လာမည့် ဘဏ္ဍာရေးနှစ်အတွင်း အမျိုးသားပြတိုက် (နေပြည်တော်) ၏ ကျန်ရှိ အဆောင်များ ခင်းကျင်း ပြသရေး ဆက်လက် ဆောင်ရွက်သွားမည်

နေပြည်တော်ရှိ အမျိုးသားပြတိုက် အဆောက်အဦ အားတွေ့ရစဉ် (ဓာတ်ပုံ-ယဉ်ကျေးမှုဝန်ကြီးဌာန)

ရန်ကုန် ၊ မတ် ၂၃ ရက် (ဆင်ဟွာ)

အမျိုးသားပြတိုက် (နေပြည်တော်) ဒုတိယအဆင့်အား ဖွင့်လှစ်ခဲ့ပြီးနောက် ခင်းကျင်း ပြသရန် ကျန်ရှိနေသော အဆောင် (C) နှင့် အဆောင် ( E) ခင်းကျင်းပြသရေးနှင့် ပတ်သက်၍ လာမည့် ဘဏ္ဍာရေးနှစ်အတွင်း ထည့်သွင်း တောင်းခံ၍ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

ပြတိုက် ဒုတိယ အဆင့် အဖြစ် သီဟာသနပလ္လင် ပြခန်း၊ သမိုင်းတင်ခေတ် ပြခန်း၊ မြန်မာ့လက်မှု အနုပညာပြခန်း၊ အာဆီယံ ပြခန်း၊ ကလေးသူငယ် ပညာပေး ပြခန်းတို့ အား မတ်လ ၂၂ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး အမျိုးသား ပြတိုက် (နေပြည်တော်) ကို ခေတ်မီပြီး ဆွဲဆောင်မှုရှိ၍ အမျိုးသား အဆင့်နှင့် လျော်ညီရန် နှင့် နိုင်ငံတော်နှင့် လူမျိုး၏ ဂုဏ်ဒြပ်ကို ထင်ဟပ် ပေါ်လွင်စေသော ပြတိုက်တစ်ခု အဖြစ် ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ခင်းကျင်း ပြသမှုများကို အစီအစဉ်များ ရေးဆွဲဆောင်ရွက်ခဲ့ပြီး ပစ္စည်းများ ပြသခဲ့ရာ ရှားပါးပြီး၊ တစ်ခုတည်းသာ ရှိသော တန်ဖိုးမဖြတ်နိုင်သည့် အမျိုးသား ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းများကို အစစ်အတိုင်း ပြသထားခြင်း မပြုဘဲ ပုံစံတူ (Replica) ပြုလုပ်၍သာ ပြသထားကြောင်း သိရသည်။

အမျိုးသားပြတိုက် (နေပြည်တော်) တည်ဆောက်ခြင်းကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် စတင် ပန္နက်ချ ဆောင်ရွက်ခဲ့ပြီး ပြတိုက်တွင် အဆောင် A, B, C, D နှင့် E ဟူ၍ အဆောင် (၅) ဆောင်ရှိရာ အဆောင် (A) နှင့် (B) ရှိ ပြခန်း ၇ ခန်းကို ပထမအဆင့်အဖြစ် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.