Connect with us

Culture & Entertainment

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၌ ရှေးဟောင်းပစ္စည်းများ တူးဖော်ရရှိ

တွေ့ရှိသည့်ရှေးဟောင်းပစ္စည်းတစ်ချို့အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၌ ရှေးဟောင်းပစ္စည်းများ တူးဖော်ရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ မတ်လ ၁ ရက်နေ့ ၀၈း၀၀နာရီတွင် သပိတ်ကျင်းမြို့နယ်၊ ဆင်ညှပ်ကုန်းကျေးရွာနေ ဦးမြင့်လွင်(၄၉)နှစ်သည် တစ်ရွာတည်းနေ ဒေါ်အေးအေးခိုင်(ခ)ဒေါ်မဲ၏ နေအိမ်ဆောက်လုပ် ထားခြင်းမရှိသည့် ခြံဝင်းအတွင်းမှ ပျူခေတ်ရေတကောင်းမြေအိုး ၄ လုံး(ကောင်း)၊ ရေတကောင်း မြေအိုးလည်ပင်းပြတ် ၂ လုံး၊ အရိုးအိုးကြီး လည်ပင်းပြတ် ၁ လုံးနှင့် ကြေးဇွန်းအကျိုး ၁ ချောင်းတို့အား တူးဖော်ရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၂ ရက်နေ့ ၀၉း၃၀နာရီ တွင် တကောင်းမြို့၊ ရှေးဟောင်းပြတိုက်မှ တာဝန်ရှိသူတို့သည် အဆိုပါနေရာအား ဆက်လက်တူးဖော်ရာ ပျူခေတ်ရေတကောင်း မြေအိုး ၂ လုံး(ကောင်း)နှင့် အရိုးအိုးအသေး လည်ပင်းပြတ် ၁ လုံးတို့အား ထပ်မံတွေ့ရှိခဲ့သောကြောင့် အဆိုပါ ရေတကောင်းအိုး ၈ လုံး(ကောင်း ၆၊ လည်ပင်းပြတ် ၂ )၊ အရိုးအိုး လည်ပင်းပြတ် ၂ လုံး(ကြီး ၁၊ သေး ၁)နှင့် ကြေးဇွန်းအကျိုး ၁ ချောင်းတို့အား တကောင်းမြို့၊ (၃)ရပ်ကွက်၊ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်တွင် ထိန်းသိမ်းထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.