Connect with us

Culture & Entertainment

မြစေတီ ကျောက်စာ (ရာဇကုမာရ်ကျောက်စာ) ၏ Memory of the World အသိအမှတ်ပြုလွှာကို ယူနက်စကိုက ပေးပို့

မြစေတီ ကျောက်စာအား မြင်တွေ့ရစဉ်( ဓာတ်ပုံ--ယဉ်ကျေးမှု ဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီမြို့တွင် ၂၀၁၅-ခုနှစ်၊ အောက်တိုဘာလ( ၄ ) ရက်မှ အောက်တိုဘာလ ( ၆ ) ရက်နေ့အထိ ကျင်းပသော ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အစီအစဉ်၊ အပြည်ပြည်ဆိုင်ရာ အကြံပေး ကော်မတီ၏ (၁၂) ကြိမ်မြောက် အစည်းအဝေးတွင် ၂၀၁၅-ခုနှစ်အတွက် ကမ္ဘာ့မှတ်တမ်း အမွေအနှစ် လျှောက်ထားမှုပေါင်း (၈၈) ခု အနက်မှ မြန်မာနိုင်ငံ မှ တင်သွင်းသော မြစေတီ ကျောက်စာ (ရာဇကုမာရ် ကျောက်စာ) ကို ယူနက်စကို ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်းတွင် ထည့်သွင်း သတ်မှတ် အတည်ပြုခဲ့ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

ယခုအခါ Memory of the World အစီအစဉ်မှ ပေးအပ်သော ယူနက်စကို ညွှန်ကြားရေးမှူးချုပ်မှ လက်မှတ် ရေးထိုးထားသည့် ပုဂံမြို့ရှိ မြစေတီ ကျောက်စာ (ရာဇကုမာရ်ကျောက်စာ) (Myazedi Quadrilingual stone inscription) ကို Memory of the World စာရင်းသို့ ထည့်သွင်းခဲ့ကြောင်း ယူနက်စကို ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဆက်သွယ်ရေးနှင့် သတင်းဌာနမှ မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ထံသို့ အသိအမှတ် ပြုလွှာကို ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယူနက်စကို၏ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အစီအစဉ်ကို ၁၉၉၂ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ယခုအချိန်အထိ ကမ္ဘာတစ်ဝန်းမှ မှတ်တမ်း အမွေ အနှစ်ပေါင်း (၃၄၈) ခုကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အဖြစ် သတ်မှတ် ခဲ့ပြီး ဖြစ်ပါသည်။

ဘာသာလေးမျိုးဖြင့် ရေးထိုးထားသော မြစေတီ ကျောက်စာ (ရာဇကုမာရ် ကျောက်စာ) အား၂၀၁၄-ခုနှစ်၊ မတ်လ (၂၈) ရက်နေ့ တွင် ကမ္ဘာ့ မှတ်တမ်း အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရေး အတွက် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနက အဆိုပြု ပုံစံများ ရေးသား၍ ယူနက်စကိုသို့ တင်သွင်း ခဲ့ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.