Connect with us

Culture & Entertainment

ပုဂံဒေသ ရှိ သတ်မှတ်ထားသော ဘုရားစေတီငါးဆူမှအပ တက်ရောက်ခွင့် မပြုကြောင်း ပြင်ဆင်မှုသတင်းယဉ်ကျေးမှုဝန်ကြီးဌာန ထုတ်ပြန်

ပုဂံဒေသရှိ ဘုရားများအားမြင်တွေ့ရစဉ်( ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ယဉ်ကျေးမှုဝန်ကြီးဌာန၏ FaceBook တွင် (၁-၃-၂ဝ၁၆)ရက်နေ့မှ စ၍ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရားပုထိုး၊ စေတီ၊ ပစ္စယံများပေါ်သို့ တက်ရောက်ခွင့် မပြု ကြောင်း ဖော်ပြချက်ပါသတင်းကို ပြန်လည်ရုပ်သိမ်းလျက် သတ်မှတ်ထားသော ဘုရားစေတီငါးဆူမှအပ တက်ရောက်ခွင့် မပြုကြောင်း ဟု ဖြည့်စွက်၍ ယခုသတင်းဖြင့်ပြင်ဆင် အစားထိုးဖော်ပြအပ်ပါသည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဖေဖော်ဝါရီလ ၂၄ရက်တွင် သတင်းထုတ်ပြန်သည်။

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ဘုရား၊ ပုထိုး၊ စေတီ၊ အုတ်ကျောင်း စသည့် ရှေးဟောင်း အဆောက်အဦများ (၃၀၀၀)ကျော်ရှိပြီး မြန်မာနိုင်ငံသား များ အားလုံး နှင့် သက်ဆိုင်နေသည့် ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခုဖြစ်ကြောင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာနသည် ခရီးသွားကုမ္ပဏီများနှင့် ဧည့်လမ်းညွှန်များ၏ ပန်ကြားချက် များအရပုဂံဒေသရှိ ရှေးဟောင်း အဆောက်အအုံများအနက် နေဝင်ချိန်မြင်ကွင်း ကောင်းမွန် သည့် ရွှေဆံတော်၊ ပြဿဒ်ကြီး၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ သစ္စာဝတီဟူသည့် ဘုရား(၅)ဆူ၏ ပစ္စယံများပေါ်သို့ ပြည်တွင်းပြည်ပဧည့်သည်များကို တက်ရောက်ရန်အတွက် ခွင့်ပြုပေး ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

သို့ရာတွင်အချို့သောလူတို့သည် သတ်မှတ်သောနေရာထက် လွန်၍ အခြား ဘုရား ပစ္စယံများပေါ်တွင် ယဉ်ကျေးမှုအရ ဘုရားစေတီများကို အဂါရဝဖြစ်စေခြင်း၊ အရက်၊ ဘီယာ သောက်၍ တက်ခြင်း၊ အဂါရဝဖြစ်စေသော ဝတ်စားဆင်ယင်မှုများ ဝတ်ဆင်ခြင်း၊ ကခုန်ခြင်း၊ အိပ်စက်ခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်းစသည့် ပြုမူဆောင်ရွက်မှု များ ပြုလုပ်လာကြသည်ကို လူမှုကွန်ရက် (Face Book) များတွင် ဖော်ပြမှုအရလည်းကောင်း၊ သတင်းပေးပို့သည့် ဓာတ်ပုံများ အရ လည်း ကောင်း သိရှိရကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

(၂၁-၂-၂၀၁၆)ရက်နေ့တွင် အမေရိကန်နိုင်ငံသားတစ်ဦးသည် ညဉ့်အချိန်မတော် ရွှေဂူကြီး ဘုရားပစ္စယံပေါ်သို့ တက်ရောက် ခဲ့ရာ ပြုတ်ကျခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရကြောင်း ၊ ဘုရားပစ္စယံများပေါ်တွင် တွယ်ဖက် ဓာတ်ပုံရိုက်ကူးမှုများကြောင့် စိန်တောင်များ၊ တံတိုင်း မုခ်တိုင် များ ထိခိုက်ရှနာမှုများ ရှိခဲ့ကြောင်း၊ပုဂံဒေသရှိရှေးဟောင်းအဆောက်အဦများသည် နှစ်ပေါင်းကြာမြင့်ပြီး ခံနိုင်ရည်လျော့နည်း လာသည့်အပြင် လူအင်အား အရေအတွက်များစွာ တက်ရောက်ခြင်းများကြောင့် ဘုရားများ ပျက်စီးမှုအန္တရာယ်၊ လူများ ထိခိုက်မှုအန္တရာယ် များ ဖြစ်လာနိုင်သည် ကိုလည်းမျှော်မှန်းရသည့်အတွက် UNESCO (ယူနက်စကို) နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှေးဟောင်းသုတေသနဌာနတို့ အကြား Heritage Impact Assessment (HIA) အလုပ်ရုံဆွေးနွေးပွဲတွင် ဘုရားစေတီများပေါ်သို့ လူများတက်ရောက်ခြင်းကိုထိန်းသိမ်း ရန် လိုအပ်ကြောင်း ကောက်နှုတ်ချက်အဖြစ် ဆွေးနွေးဖော်ပြခဲ့သည့် အတွက် (၁-၃-၂ဝ၁၆)ရက်နေ့မှ စ၍ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရားပုထိုး၊ စေတီ၊ ပစ္စယံများပေါ်သို့ တက်ရောက်ခွင့် မပြု ကြောင်းဆိုသည့် ထုတ်ပြန်ချက်အား ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ယခု၎င်းထုတ်ပြန်ချက်အား ပြန်လည်ပြင်ဆင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.