Connect with us

Culture & Entertainment

မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို ကျပ်သိန်း ၁၅၀၀ အကုန်ကျခံ ပြုပြင်မည်

မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက် အားတွေ့ရစဉ် (ဓာတ်ပုံ- Wikipedia)

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ ဝင်္ကပါလမ်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဝင်းအတွင်းရှိ မြန်မာ့ရုပ်ရှင် သမိုင်း ပြတိုက် ကို ယခုနှစ်အတွင်း ခန့်မှန်း ကျပ်သိန်း ၁၅၀၀ ကုန်ကျခံကာ ပြန်လည် ပြုပြင် မွမ်းမံမည်ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင် အစည်းအရုံးထံမှ သိရသည်။

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အနေဖြင့် မြန်မာ့ရုပ်ရှင်သမိုင်း ပြတိုက်ကို ပြင်ဆင်ရန် အမျိုးသားပြတိုက်မှ တာဝန်ရှိသူများ၏ အကူအညီနှင့် အကြံဉာဏ်များကို ရယူဆောင်ရွက်ရန် ၂ဝ၁၅ ခုနှစ် ကတည်းက ဆွေးနွေးညှိနှိုင်း ခဲ့ကြောင်း ပြတိုက် အတွင်းရှိ မြန်မာ့ရုပ်ရှင် ငွေရတုပြခန်း၊ ပတ္တမြားရတုပြခန်း၊ ရွှေရတုပြခန်း၊ စိန်ရတုပြခန်း၊ ရုပ်ရှင်ထူးချွန်ဆုပြခန်း၊ စက်မှုပြခန်းနှင့် သမိုင်းအထောက်အကူပြုပြခန်း စသည် တို့ကို နိုင်ငံတကာအဆင့်မီ ပြုပြင်မွမ်းမံရန် စီစဉ်နေလျက်ရှိသည်။

အဆိုပါ မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက်ကို ၁၉၉၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စတင်ဖွင့်လှစ်ချိန်မှ ယခုအချိန်ထိ အကြီးစား ပြင်ဆင်မှုမရှိသေးဘဲ ယခုအခါ ပြတိုက်အား ပြင်ဆင်ရန် ကုန်ကျစရိတ်များကို ကျွမ်းကျင်ပညာရှင်များနှင့်အတူ ခန့်မှန်း တွက်ချက်လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.