Connect with us

Culture & Entertainment

အိန္ဒိယ-မြန်မာ ရုပ်သေးပညာရပ် ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

အိန္ဒိယ-မြန်မာ ရုပ်သေးပညာ ရပ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ မြင်ကွင်း (ဓာတ်ပုံ-- ယဉ်ကျေးမှု ဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

မန္တလေးမြို့အခြေစိုက် အိန္ဒိယ ကောင်စစ်ဝန်ချုပ်ရုံးနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး) တို့ ပူးပေါင်း၍ အိန္ဒိယ-မြန်မာ ရုပ်သေး ပညာရပ် ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအား ကျင်းပခဲ့ပြီး ယနေ့ ညနေတွင် နှစ်နိုင်ငံ ရုပ်သေး ပညာရပ်ဆိုင်ရာ ပူးပေါင်း ဖျော်ဖြေပွဲကို ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန မှ သိရသည်။

မြန်မာ့ရိုးရာ ရုပ်စုံပညာရပ် နိုင်ငံတကာသို့ ပြန့်ပွားစေရန်နှင့် ကျောင်းသား/ကျောင်းသူများ နိုင်ငံတကာ အတွေ့အကြုံကောင်းများ ရရှိစေရန်၊ ယဉ်ကျေးမှု ဖလှယ်ရန် ရည်ရွယ်ချက်ဖြင့် အိန္ဒိယ-မြန်မာ ရုပ်သေးပညာရပ် ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
မေလ ၁၂ ရက် နံနက်ပိုင်းတွင် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး) ရတနာ ခန်းမ၌
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲအား စတင် ကျင်းပဲ့ခြင်း ဖြစ်ပြီး ၊ အိန္ဒိယ-မြန်မာ ရုပ်သေး ပညာရပ်ဆိုင်ရာ ပူးပေါင်း ဖျော်ဖြေပွဲကို ယနေ့ ညနေပိုင်းတွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ဆက်လက် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.