Connect with us

Culture & Entertainment

ရွှေစည်းခုံ ဘုရားရှိ ရှေးဟောင်း ခေါင်းလောင်းကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းတင်သွင်းရန် ရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်သွားမည်

မန္တလေးတိုင်းဒေသကြီး ပုဂံညောင်ဦးမြို့ရှိ ရွှေစည်းခုံ ဘုရား အားတွေ့ရစဉ် (ဓာတ်ပုံ-Wikipedia)

ရန်ကုန် ၊ မေ ၂၄ ရက် (ဆင်ဟွာ)

ပုဂံညောင်ဦးမြို့တွင် ရှိသည့် ရွှေစည်းခုံ ဘုရားကြီး၏ ရင်ပြင်တော်တွင် ဘုရင့်နောင် မင်းတရားကြီးလှူဒါန်းပြီး ဘာသာသုံးမျိုးဖြင့် ရေးထိုးထားသည့် ခေါင်းလောင်းကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်း တင်သွင်းရန် ရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

ထို့အတူ ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကို အထွေထွေ ထိန်းသိမ်း မွမ်းမံခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပြီး ဗိုလ်ချုပ် အောင်ဆန်း အသုံးပြုခဲ့သည့် ကားအတွက် အမြဲတမ်းထားရှိမည့် ကားဂိုဒေါင် တည်ဆောက်ပြီး ဇူလိုင်လ ၁၉ ရက် (အာဇာနည်နေ့) မတိုင်မီ ရက် ၁၀၀ အတွင်း အကောင်အထည်ဖော် ဆောင်ရွက် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင်ရှိသည့် မန္တလေး ယဉ်ကျေးမှု ပြတိုက်ကို အဆင့်မြှင့်တင်ခြင်းအဖြစ် ခေတ်နှင့် အညီ ပြန်လည် ခင်းကျင်း ပြသခြင်းလုပ်ငန်းကို ရက် ၁၀၀ အတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အနုပညာဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲ၊ ဇာတ်တော်ကြီးများကို ပြည်သူလူထုအား အခမဲ့ဖျော်ဖြေ တင်ဆက်မှု၊ အနုပညာ အထက်တန်းကျောင်းများကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ မြန်မာတိုင်းရင်းသားများ၏ ရိုးရာ တူရိယာပစ္စည်း များဆိုင်ရာစာအုပ် ထုတ်ဝေ ဖြန့်ချိရေးကို ရက် ၁၀၀ စီမံချက်တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရှေးဟောင်း သမိုင်းဝင် စေတီပုထိုးများတွင် ဂေါပက အဖွဲ့များ ဖွဲ့စည်းထားပြီး ကျန်သည့် စေတီ ပုထိုးများ တွင်လည်း ဖွဲ့စည်းထားရှိရာ ပြည်နယ်အစိုးရနှင့် ညှိနှိုင်းပြီး ဂေါပကအဖွဲ့များအား လိုအပ်သလို ပြင်ဆင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဖြစ်သည့် မန္တလေးမြို့ဖောင်တော်ဦးကျောင်း၊ စလေကျောင်း၊ ရန်ကုန်မင်္ဂလာဒုံ၊ တောတိုက်ဓမ္မရိပ်သာ ကျောင်းများသည် အထက်တန်းအဆင့်အထိ သင်ကြားနေကြပြီး ယင်းကျောင်းများအား အထက်တန်းကျောင်း အဖြစ် ရရှိရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.