Connect with us

Culture & Entertainment

ရန်ကုန်စာတိုက်ကြီး နှစ် ၁၁ဝ ပြည့်ပွဲကို ကမ္ဘာ့စာပို့တိုက်နေ့တွင် ကျင်းပမည်

ရန်ကုန်စာတိုက်ကြီးအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ရန်ကုန်စာတိုက်ကြီး၏ နှစ် ၁၁ဝ ပြည့်ပွဲကို ကမ္ဘာ့စာပို့ တိုက်နေ့ဖြစ်သော အောက်တိုဘာ ၉ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ရန်ကုန်မြို့ မြန်မာ့စာတိုက်လုပ်ငန်း တိုင်းမန်နေဂျာ ရုံးအနေဖြင့် မြို့နယ်များအတွင်းရှိ စာတိုက်ပေါင်း ၁ဝ၅ တိုက်ကို စီမံဆောင်ရွက်လျက်ရှိပြီး နှစ်စဉ်အရှုံးရှိနေသော စာတိုက်လုပ်ငန်းကို တိုးတက် အောင်မြင်လာစေရန် ကြိုးပမ်းသည့်အနေဖြင့် အွန်လိုင်း၊ မိုဘိုင်းလ်နှင့် ဘဏ်များဖြင့် ချိတ်ဆက်၍ ဝင်ငွေတိုးမြှင့်ရရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး အသုံးပြုသော တံဆိပ်ခေါင်းမှာ အိန္ဒိယနိုင်ငံမှ တံဆိပ်ခေါင်းများကို ဘားမား ဟုတံဆိပ်ရိုက်၍ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း၊ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်အပြီးတွင် စစ်တွေ စာတိုက်ကို စတင် ဖွင့်လှစ်ခဲ့ကာ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီးတွင် သရက်စာတိုက်ကို သရက်ထောင်နှင့်အတူ ဖွင့်လှစ်ခဲ့၍ ဒါးပိန်စာတိုက်မှာလည်း နှစ်ပေါင်းတစ်ရာကျော် စာတိုက်တစ်ခု အဖြစ် တွေ့ရှိရမည်ဖြစ်ကြောင်း၊ ရန်ကုန် မြို့တွင် ကြည့်မြင်တိုင်၊ ဗိုလ်တထောင်နှင့် မင်္ဂလာ တောင်ညွန့် စာတိုက်တို့မှာလည်း အင်္ဂလိပ် လက်ထက် မှစ၍ ယနေ့တိုင်တည်ရှိနေသော စာတိုက်များ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့် နှစ်စဉ် ဝင်ငွေ လေးဘီလီယံရရှိနေပြီး အွန်လိုင်းမှ ဝင်ငွေမှာ ၂ ဘီလီယံရရှိနေသော်လည်း နှစ်စဉ်ကုန်ကျငွေမှာ ၈ ဘီလီယံရှိနေသောကြောင့် အရှုံးပေါ်လျက်ရှိကြောင်း၊ ပြည်သူနှင့် ကုမ္ပဏီများက ယုံကြည်အားကိုး အသုံးများ လာမည်ဆိုပါက ကျန်သော နှစ်ဘီလီယံကို ရှာဖွေနိုင်မည်ဖြစ်ရာ နှစ်စဉ်အရှုံးပေါ်နေမှုကို တားဆီးနိုင်မည် ဖြစ် ကြောင်းနှင့် သမိုင်းဝင်ရန်ကုန်စာတိုက်ကြီးတွင် နှစ် ၁၁ဝ ပြည့်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.