Connect with us

Culture & Entertainment

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအားရေရှည်တည်တံ့ခိုင်မြဲရေးအတွက် Master Planရေးဆွဲနိုင်ရန် အစည်းအဝေးကျင်းပ

Structure Plan စည်းမျဉ်းများ (မူကြမ်း) နှင့် ပတ်သက်သည့် ရှင်းလင်းတင်ပြခြင်း အခမ်းအနား မြင်ကွင်း အားတွေ့ရစဉ် (ဓာတ်ပုံ- သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသအား ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် Master Plan ရေးဆွဲဆောင်ရွက်နိုင်ရန်အတွက် ဘက်စုံစီမံကိန်းရေး ဆွဲရေးပညာရှင် အဖွဲ့မှ ရေးဆွဲပြီးသည့် Structure Plan စည်းမျဉ်းများ (မူကြမ်း) နှင့် ပတ်သက်သည့်ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ကျင်းပခဲ့ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က “ယဉ်ကျေးမှုအမွေအနှစ် များကို ထိထိရောက်ရောက် ကာကွယ်ထိန်းသိမ်းနိုင်ရေး ချိန်ညှိ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း နှင့် ပုဂံဒေသဘက်စုံ စီမံကိန်း Master Plan ရေးဆွဲပေးကြသည့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊မြန်မာနိုင်ငံ ဗိသုကာအသင်း နှင့် အခြားဌာနဆိုင်ရာများ၊ ပညာရှင်များကိုကျေးဇူးတင်ပါတယ်’’ ဟုပြောကြားခဲ့သည်။
ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကာကွယ် ထိန်းသိမ်း နိုင်ရန် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန် (Ancient Monumental Zone)၊ ရှေးဟောင်းနေရာတည်ရှိရာ ဇုန်(Ancient Site Zone) နှင့် ကာကွယ် ထိန်းသိမ်းထားသော ဇုန် (Protected and Preserved Zone) အဖြစ် ပညာရှင်များပူးပေါင်း၍ သတ်မှတ်ခဲ့ကြောင်း၊ အဆိုပါ ဇုန် အတွင်း၌လည်း လူနေအိမ်ခြေများ ပါဝင်နေသည်ကိုလည်း တွေ့ရှိရကြောင်း၊ထို့သို့ ပါဝင်နေသည့်အတွက် ဒေသခံတို့၏ လူမှုစီးပွားဘဝကို ထည့်သွင်းတွက်ချက်နေရသည်များလည်းရှိပြီး တစ်ဘက်ကလည်း ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးကိုလည်း မိမိတို့ဌာန ကဆောင်ရွက်နေရကြောင်း၊ ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်ဝင်ရောက်ရေး မိမိတို့ဌာန အနေဖြင့် ဆောင်ရွက်နေရသည့် လုပ်ငန်းသည် ဒေသခံပြည်သူတို့အတွက် လုပ်သာကိုင်သာရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.