Connect with us

Culture & Entertainment

2nd Miss Universe Mandalay 2016 ပြိုင်ပွဲအား ၂၀၁၆ ဇူလိုင် ၃၁ ရက်နေ့တွင် မန္တလေး မြို့တော်ခန်းမတွင် ကျင်းပရန် လျာထား

2nd Miss Universe Mandalay 2016 ပြိုင်ပွဲကျင်းပပြုလုပ်မည့် သတင်းစာ ရှင်းလင်းပွဲအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၇ ရက် (ဆင်ဟွာ)

မြို့နယ် အလိုက်ကျင်းပသည့် ဒုတိယ အကြိမ်မြောက် 2nd Miss Universe Mandalay 2016 ဒုတိယအကြိမ် မယ်စကြဝဠာ ၂၀၁၆ ပြိုင်ပွဲအား ၂၀၁၆ ဇူလိုင်လ ၃၁ ရက်တွင် မန္တလေး မြို့တော်ခန်းမတွင် ကျင်းပရန် လျာထားပါကြောင်း မန္တလေးမြို့၏ City Director ဦးရော်နီငြိမ်းက ပြောသည်။
အဆိုပါ မယ်စကြဝဠာ မန္တလေးအတွက် လျှောက်လွှာတင်ခြင်း ကို ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီး ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။ လျှောက်လွှာများအား http://www.uncle-ronnie.com တွင် download ရယူနိုင်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်မှ စတင်ပြီး Miss Universe Myanmar Organization မှ မြို့များ အလိုက် ပြိုင်ပွဲ ကျင်းပလိုသည့် မြို့များတွင် City Director များ ခန့်အပ်ပြီး Miss Universe မြို့အလိုက် ပြိုင်ပွဲများ ကျင်းပခဲ့ပြီး မြို့အလိုက် အရွေးချယ်ခံရသော Miss Universe အလှမယ်များမှ ရန်ကုန်မြို့တွင် ကျင်းပသော နိုင်ငံလုံးဆိုင်ရာ Miss Universe Myanmar 2015 တွင် အလိုအလျောက် နောက်ဆုံး ဆန်ခါတင် Top 20 Finalist အလှမယ်အဖြစ် အလိုအလျောက် အရွေးခံရကြောင်း၊ ယခုနှစ်တွင်လည်း ထိုနည်းလည်းကောင်းပင် မြို့နယ် အလိုက် ရွေးချယ်ခံရသည့် အလှမယ်သည် Top 20 Finalist တွင် အလိုအလျောက် ရွေးချယ်ခံရမည် ဖြစ်ကြောင်း သိရသည်။ ယခုနှစ်တွင် မြို့နယ်ပေါင်း ၂၀ လောက်တွင် အလှမယ်များ ရွေးချယ်သွားရန် ရှိကြောင်း Miss Universe Myanmar Organization မှ National Director ဒေါ်စိုးယုဝေကပြောသည်။
Miss Universe မယ်စကြာဝဠာ ပြိုင်ပွဲကို အမေရိကန် ပြည်ထောင်စုတွင် ၁၉၅၂ ခုနှစ်မှ စတင် ကျင်းပခဲ့ပြီး၊ မြန်မာနိုင်ငံမှ ၁၉၅၈၊ ၁၉၅၉၊ ၁၉၆၀ တို့တွင် အလှမယ်များ သွားရောက် ယှဉ်ပြိုင်ခဲ့ရာ၊ ၁၉၆၀ တွင် သွားရောက် ယှဉ်ပြိုင်ခဲ့သူ ဒေါ်မြင့်မြင့်မေ (ယခု ကွယ်လွန်)မှ Miss Congeniality ဆုအားဆွတ် ခူးနိုင်ခဲ့သည်။

2nd Miss Universe Mandalay 2016 ပြိုင်ပွဲကျင်းပပြုလုပ်မည့် သတင်းစာ ရှင်းလင်းပွဲအား တွေ့ရစဉ် (ဆင်ဟွာ)
ထို့နောက် ၅၃ နှစ်ကြာ အောင် Miss Universe ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ခဲ့ခြင်း မရှိပဲ၊၂၀၁၃ တွင် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မိုးစက်ဝိုင် မှ မော်စကိုမြို့တွင် ကျင်းပသော 62nd Miss Universe Pageant တွင် သွားရောက်ခြင်းဖြင့် Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ပြန်လည် ဝင်ရောက်ခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံအတွက် Miss Universe Organization မှ National Director အဖြစ်ခန့်အပ်ထားသော Hello Madam Media Group ၏ ဥက္ကဋ္ဌ ဒေါ်စိုးယုဝေ၏ ဦးဆောင်မှုဖြင့် ၆၃ ကြိမ်မြောက် Miami Miss Universe 2014 Pageant တွင် အလှမယ် သျှားထွဋ်အိန္ဒြာ၊ ၆၄ ကြိမ်မြောက် Miss Universe 2015 Pageant တွင် အလှမယ် မေဘရဏီသော်တို့မှ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ ယခုနှစ် ၂၀၁၆ အတွက် ၆၅ ကြိမ်မြောက် Miss Universe 2016 Pageant တွင် ဝင်ရောက် ယှဉ်ပြိုင်ရန်၊ အလှမယ် ထက်ထက်ထွန်းကို ရွေးချယ်ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.