Connect with us

Culture & Entertainment

သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်းမွေတော်ကက္ကူဘုရားများ ပြန်လည်ပြုပြင်ထိန်းသိမ်း

ရှေးဟောင်းမွေတော်ကက္ကူဘုရားများ ပြန်လည်ပြုပြင်ထိန်းသိမ်းထားမှုအားတွေ့ရစဉ်(ဓာတ်ပုံ- သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

မွေတော်ကက္ကူဘုရားများသည် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှမ်းပြည်နယ်( တောင်ပိုင်း )၊ တောင်ကြီးမြို့နယ် ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ၊ ကက္ကူရွာတွင်တည်ရှိသော ရှေးဟောင်းမွေတော်ကက္ကူဘုရားများ ပြန်လည်ပြုပြင်ထိန်းသိမ်းလျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

၂၀၁၆ခုနှစ် ဧပြီလ၂၂ရက်နေ့တွင် လေပြင်းမုန်တိုင်းတိုက်ခတ်ခဲ့ရာ ကက္ကူရွာအပါအဝင် မွေတော်ကက္ကူဘုရားဝင်းအတွင်းရှိ အသောကဆုတောင်းပြည့်စေတီတော်ကြီး၊ ဖောင်တော်ဆိုက် စေတီတော်ကြီးနှင့် အရံစေတီဘုရားများအပြင် ပညောင်ပင်ကြီးများလဲပြိုခဲ့သဖြင့် ဘုရားပရဝဏ်ပါ ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းသို့ပျက်စီးမှုစာရင်းများ ကောက်ခံရာတွင် မွေတော်ကက္ကူဘုရားရှိ အရံစေတီများကို Block( A ) မှ Block( I )ထိ Block ( ၉ )ခု ခွဲခြားပြီး စာရင်းကောက်ခံခဲ့ရာ စုစုပေါင်း( ၂၄၈၇ )ဆူရှိသည့်အနက် ထီးတော်ယိမ်းယိုင်သည့် စေတီများအပါအဝင် စေတီတော် ပေါင်း( ၁၀၃၈ )ဆူ ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်း ဘုရားများသည် ရှေးဟောင်းအမွေအနှစ်လက်ရာအများအပြားကျန်ရှိသေးသည့် ရှေးဟောင်းအဆောက်အအုံများ ဖြစ်သဖြင့် ၂၀၁၆ခုနှစ် ဧပြီလ ၂၃ရက်နေ့နံနက်တွင် မွေတော်ကက္ကူဘုရားများ သဘာဝဘေးဒဏ် ကျရောက်သည့်သတင်းကို ရရှိသည်နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ( တောင်ကြီးဌာနခွဲ )အနေဖြင့် ချက်ချင်းကွင်းဆင်းကာ သတင်းရယူပြီး နေပြည်တော်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန( ရုံးချုပ် )သို့ ထူးခြားဖြစ်စဉ်အဖြစ် တင်ပြအစီရင်ခံခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.