Connect with us

Culture & Entertainment

သြင်္ကန်အတွက် ချမှတ်ပေး ထားသည့် ရေပိုက် ပမာဏထက် ကျော်လွန် သုံးစွဲမှုများ တွေ့ရှိလာပါကဒဏ်ကြေး ၃ဆ ပေးဆောင်ရမည်

ရန်ကုန်မြို့တွင်းရေကစား မဏ္ဍပ်တစ်ခုတွင် သြင်္ကန်ရေကစားနေကြစဉ်(ဆင်ဟွာ)

ရန်ကုန်၊မတ်၂၄ရက်(ဆင်ဟွာ)

သြင်္ကန်ကာလတွင် မဏ္ဍပ်များ၌ ယာယီ ရေသွယ်တန်းခွင့် နှင့် ရေသုံးစွဲမှု ပြုလုပ်ထားပြီး ရေပိုက် ပမာဏကို သတ်မှတ် အသုံးပြုရမည် ဖြစ်ပြီး၊ ထိုသို့ အသုံးပြုရာတွင် ချမှတ်ပေး ထားသည့် ရေပိုက် ပမာဏထက် ကျော်လွန် သုံးစွဲမှုများ တွေ့ရှိလာပါက ယာယီရေသုံးစွဲခွင့် အတွက် ပေးဆောင် ထားသည့်ငွေ၏ သုံးဆကို ဒဏ်ကြေးငွေ အဖြစ် ပြန်လည်ပေးဆောင် ရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းမှုဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခု နှစ်တွင် ယာယီ ရေသုံးစွဲခွင့် အတွက် တစ်လက်မပိုက် ငွေကျပ် ၁၅ဝ,ဝဝဝ၊ တစ်လက်မခွဲပိုက် ငွေကျပ်၂၅ဝ,ဝဝဝ၊ နှစ်လက်မပိုက် ငွေကျပ် ၃၈ဝ,ဝဝဝ သတ်မှတ်ထား ကြောင်း သိရသည်။ ယာယီ ရေသုံးစွဲခွင့် တွင် ချပေးထားသည့် လက်မထက် ပို၍ သုံးစွဲလိုသူများ အနေဖြင့် ကန်တော်ကြီးနှင့် အင်းယားကန် တို့မှ သွယ်တန်းသုံးစွဲမှု ပြုလုပ်ရမည် ဖြစ်ပြီး သုံးလက်မပိုက် ဆိုလျှင် ငွေကျပ် ၄ဝဝ,ဝဝဝ၊ လေးလက်မပိုက် ဆိုလျှင် ငွေကျပ် ၆၅ဝ,ဝဝဝ နှင့် ခြောက်လက်မ ပိုက်ဆိုလျှင် ငွေကျပ် ၁ဝ သိန်းတို့ဖြင့် ယာယီ ရေသုံးစွဲခွင့် လျှောက်ထား ရမည် ဖြစ်သည်။

လျှောက်ထား ရာတွင်လည်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (လမ်း၊ တံတားဌာန) ၌ မဏ္ဍပ်များ အတည်ပြု ပြီးပါက စတင် လျှောက်ထား နိုင်ပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.