Connect with us

Culture & Entertainment

တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးများကို ကာကွယ် နိုင်မည့် ဝန်ကြီးဌာနသစ် တစ်ခုအဖြစ်ဖွဲ့စည်း ပေါ်ပေါက်လာရေးကို ရက် ၁၀၀ အတွင်းဆောင်ရွက်မည်

၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့က (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်လာသော တိုင်းရင်းသားများကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ၂၉ ရက် (ဆင်ဟွာ)

တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက် သည့်ဥပဒေကို ”၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေ အမှတ် ၈” အဖြစ် ပြဋ္ဌာန်းခဲ့ပြီး တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေနှင့်အညီ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက် နိုင်မည့် ဝန်ကြီးဌာနသစ် တစ်ခုအဖြစ် ဖွဲ့စည်း ပေါ်ပေါက်လာရေးကို ရက် ၁၀၀ အတွင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မှသတင်းထုတ်ပြန်သည်။

တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံအရ တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန အောက်တွင် ဦးစီးဌာန နှစ်ခု ထားရှိပြီး တိုင်းရင်းသား လူမျိုးများ၏ ဒေသ ဖွံ့ဖြိုးရန်အတွက် တိုင်းရင်းသားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်သည့်ဌာန၊ တိုင်းရင်းသားများ၏စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံများ ဖွံ့ဖြိုးတိုးတက်ပြီး လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိလာရန် ဆောင်ရွက်မည့် ဌာန ဟူ၍ ဦးစီးဌာန၂ ခု ဖွဲ့စည်းသွားမည်ဖြစ်သည်။
ဖွဲ့စည်းပုံအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများ ပါဝင်ဖွဲ့စည်းသွားရန် အဆိုပြုထားပြီး ပထမအဆင့်အနေဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနနှစ်ခု၏ ရုံးချုပ်ကို ဖွဲ့စည်း ဆောင်ရွက်သွားနိုင်ရန် ဆောင်ရွက်နေပြီး ဦးစီးဌာန၂ ခုကို တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်ထိ ရုံးဖွင့်လှစ် ဆောင်ရွက်သွာရန် ရည်မှန်းဆောင်ရွက်လျက်ရှိပါသည်။ ဦးစီး ဌာန၂ ခုအောက်တွင် ဦးစီးဆောင်ရွက် မည့် ညွှန်ကြားရေးမှူးချုပ် နှစ်ဦး အပါအဝင် အရာထမ်း၊ အမှုထမ်း ၅၁၅ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်အထိ
ဖွဲ့စည်းလျှင် ဝန်ထမ်းအင်အား ၁၁၃၁ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်သွားရန် အဆိုပြုထားကြောင်း သိရသည်။
ဝန်ကြီးဌာနအနေဖြင့် ရည်မှန်းထားသည့် တိုင်းရင်းသား လူမျိုးများ အားလုံး ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုစစ်စစ်ဖြစ်ပေါ်လာရေး စသည့် အခန်းကဏ္ဍများပေါ်လာလျှင် တိုင်းရင်းသားများ၏ ဒေသတွင် သယံဇာတ ထုတ်ယူ သုံးစွဲမှုများ ခွဲဝေသုံးစွဲသည့် စနစ်တစ်ခုမှ နိုင်ငံရေးဆွေးနွေးသည့် အခန်း ကဏ္ဍတွင် ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် ပေါ်လာသည့်အခါ ပြည်ထောင်စု အစိုးရ လုပ်ပိုင်ခွင့်နှင့် ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များသည် ၎င်းအချိန်တွင် ပေါ်ပေါက်လာမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.