Connect with us

Culture & Entertainment

နှစ်ပေါင်း တစ်ထောင်ကျော် သက်တမ်းရှိ အာနန္ဒာစေတီတော် ဝင်းတစ်ခုလုံးကို CCTV လုံခြုံရေး ကင်မရာ ၈၄ လုံး တပ်ဆင်၍ ၂၄ နာရီ စောင့်ကြည့်လျက် ရှိ

အာနန္ဒာဘုရားအားမြင်တွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

နှစ်ပေါင်း တစ်ထောင်ကျော် သက်တမ်းရှိ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ သမိုင်းဝင် အာနန္ဒာစေတီတော် ဝင်းတစ်ခုလုံးကို CCTV လုံခြုံရေး ကင်မရာ ၈၄ လုံး တပ်ဆင်၍ ၂၄ နာရီ စောင့်ကြည့်လျက် ရှိကြောင်း အာနန္ဒာ စေတီတော်ကြီး ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

အာနန္ဒာ စေတီတော်ဝင်း တစ်ခုလုံးကို CCTV လုံခြုံရေးကင်မရာ များဖြင့် စောင့်ကြည့်ခြင်းကို ၂ဝဝ၅ ခုနှစ် နောက်ပိုင်းက စတင် လုပ်ဆောင်ခဲ့သည်။ ယခင် တပ်ဆင်ထားသည့် ကင်မရာများ အစား ယခုအခါ အဆင့်မြင့် လုံခြုံရေး ကင်မရာ ၈၄ လုံးကို ငွေကျပ်သိန်း ၅ဝဝ ကျော် အကုန်အကျခံ၍ ပြောင်းလဲ တပ်ဆင်ခြင်း ဖြစ်ကြောင်း သိရသည်။

အာနန္ဒာ စေတီတော်မြတ် ကြီးတွင် စေတီရံအဆူ ၁ဝ,ဝဝဝ၊ စေတီတော်ကြီး အတွင်း၌ မုခ်ပေါင်း ၁ဝဝဝ ရှိပြီး စေတီအတွင်း ပတ်လမ်း သုံးထပ်ရှိကာ အတွင်းဆုံး ပတ်လမ်းမှာ ရှေးယခင်က ရဟန်းသံဃာများ ဖူးမြော် ကြည်ညိုရာ နေရာအဖြစ် သတ်မှတ်ခဲ့သည်။ ဒုတိယ ပတ်လမ်းကို မင်း၊ မိဖုရားနှင့် မှူးမတ်များ ဖူးမြော် ကြည်ညိုခွင့် ရှိပြီး အပြင်ဘက်ဆုံး ပတ်လမ်းကို ပြည်သူ၊ ပြည်သားများ ဖူးမြော် ကြည်ညိုရန် နေရာအဖြစ် သတ်မှတ်ခဲ့ သည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117