Connect with us

Culture & Entertainment

ကုန်သည်လမ်းပေါ်ရှိ ပြုပြင်ထိန်းသိမ်းပြီးသော အမွေအနှစ်အဆောက်အအုံအား အများပြည်သူလေ့လာနိုင်ရန် ‘Living Restoration’ အမည်ဖြင့် စတင်ပြသ

ရန်ကုန်မြို့၊ ကုန်သည်လမ်းပေါ်ရှိမြို့ပြအမွေအနှစ်အဆောက်အအုံတစ်လုံးကို တွေ့ရစဉ်

ရန်ကုန်၊ မေ၁ရက် (ဆင်ဟွာ)
ရန်ကုန်မြို့၊ ကုန်သည်လမ်းပေါ်ရှိမြို့ပြအမွေအနှစ်အဆောက်အအုံတစ်လုံးကို အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် ယခု စတင်ပြသထားရှိမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

အဆိုပါ အဆောက်အအုံသည် ကျောက်တံတားမြို့နယ်အတွင်း တည်ရှိကာ စီးပွားရေးလုပ်ငန်းများနှင့် လူနေအိမ်ခန်းများပါဝင်ပြီး လက်ရှိတွင်နေထိုင်သူ ၈၀ဦးခန့်ရှိသော အဆိုပါ ကိုလိုနီခေတ်လက်ရာ နှစ်ထပ် အဆောက်အအုံကို ဇူလိုင်လ ၃၁ ရက်နေ့အထိ အများပြည်သူ ကြည့်ရှုလေ့လာနိုင်မည်ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လက စတင်ကာ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် နိုင်ငံတကာ
အင်န်ဂျီအိုတစ်ခုဖြစ်သော Turquoise Mountain တို့ ပူးပေါင်းကာ သက်တမ်း နှစ် ၁၀၀ ကျော်ပြီဖြစ်သော
အဆိုပါအဆောက်အအုံကို ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ဝေလမင်းသား ဖောင်ဒေးရှင်း၊
ကနေဒါနိုင်ငံ နိုင်ငံခြားရေး၊ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးဌာနနှင့် Global Heritage Fund မှ တဆင့်
Alphawood ဖောင်ဒေးရှင်းတို့ကလည်း ရန်ပုံငွေထည့်ဝင်ခဲ့ကြသည်။

အဆိုပါအဆောက်အအုံသည် ရန်ကုန်မြို့လယ်ရှိ အဆောက်အအုံများအများစု ကြုံတွေ့နေရသည့် အခက်အခဲ
များနှင့် ရင်ဆိုင်နေခဲ့ရသည့် အဆောက်အအုံတစ်လုံးဖြစ်သည်။ အဆောက်အအုံအတွင်းပိုင်း ခမ်းနားသကဲ့သို့
သက်ဝင်လှုပ်ရှားသော လူမှုဘ၀၀န်းကျင်တွင် တည်ရှိသော်လည်း ယခုကဲ့သို့ ပြုပြင်ထိန်းသိမ်းခြင်း မပြုမီက
ကြံ့ခိုင်မှုအားနည်းခဲ့ကာ မူလလက်ရာနှင့်မကိုက်ညီသော ပြင်ဆင်တိုးချဲ့မှုများရှိခဲ့ခြင်းကြောင့် အလျင်အမြန်
ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည်ဟု ယူဆခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.