Connect with us

Culture & Entertainment

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရား၊ ပုထိုး၊ စေတီ ပစ္စယံများပေါ်သို့ မတ်လ (၁) ရက် နေ့မှစ၍ တက်ရောက်ခွင့် မပြု

ပုဂံဒေသရှိ ရှေးဟောင်းဘုရားတစ်ဆူအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသရှိ ဘုရား၊ ပုထိုး၊ စေတီ ပစ္စယံများပေါ်သို့ မတ်လ(၁) ရက် နေ့မှစ၍ တက်ရောက်ခွင့် ပြုတော့မည်မဟုတ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသတွင် ဘုရား၊ ပုထိုး၊ စေတီ၊ အုတ်ကျောင်း စသည့် ရှေးဟောင်း အဆောက်အဦပေါင်း (၃၀၀၀) ကျော်ရှိပြီး လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက တည်ရှိခဲ့သည့် မြန်မာတစ်မျိုးသားလုံး နှင့် ဆက်နွယ်နေသည့် ယဉ်ကျေးမှု အမွေအနှစ် ဒေသတစ်ခု ဖြစ်ကြောင်း၊ နှစ်ကာလ ရှည်ကြာလာသည့် အဆောက်အဦတို့သည် ခံနိုင်ရည် လျော့နည်းလာသည့်အပြင် လူအများအပြား တက်ရောက် မှု အတွက် ဘုရားများ၊ ရှေးဟောင်းအဆောက်အဦများ၏ ရေရှည် တည်တံ့ မှုကို အန္တရာယ်ဖြစ်စေသည့်အတွက် တက်ရောက်သူတို့အတွက်လည်း အန္တရာယ် များလာကြောင်း၊ ထို့အပြင် တက်ရောက်သူ လူအများ၏ မလျော်ကန်သည့် ဝတ်စားဆင်ယင်မှု၊ ကခုန်သီဆိုမှု၊ ဘုရားပေါ်တွင် အိပ်စက်ခြင်း စသည့် ယဉ်ကျေးမှုဖြစ်စဉ်ကို ထိခိုက် ယိုယွင်းစေသည့် အပြုအမူ အဖြစ် အပျက်တို့သည် သတိပေး တားမြစ်သည့် ကြားကပင် မလိုလားအပ်သည့် ဖြစ်စဉ်မျိုး မကြာခဏ ဖြစ်ပွားလျက်ရှိနေကြောင်း၊ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ အတွင်းရှိ ရှေးဟောင်း အဆောက်အဦများ နှင့် ဆင်းတု၊ ရုပ်တု တို့သည် ကိုးကွယ်ယုံကြည်မှုကို အခြေခံ ထုဆစ် တည်ဆောက်ခဲ့သည် အတွက် ကိုးကွယ်ယုံကြည်မှု ဆိုင်ရာ အထွဋ်အမြတ် အဆောက်အဦများဖြစ်သည့်အပြင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ယဉ်ကျေးမှုအမွေအနှစ်၏ အဆင့်အတန်း မြင့်မားမှု ပြယုဒ်များ ဖြစ်ကြသည့်အတွက် မတ်လ(၁)ရက်နေ့မှစ၍ ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်းရှိ မည်သည့် ဘုရား ပစ္စယံများပေါ်သို့မျှ တက်ရောက်ခွင့် ပြုတော့မည် မဟုတ်ကြောင်း အသိပေး ကြေညာ အပ်ပါသည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည် ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117