Connect with us

Social

အာဆီယံ အစားအစာပွဲတော် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် တက်ရောက်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်စဉ် (ဆင်ဟွာ)

မန ္တလေး၊ သြဂုတ် ၁၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ဖြစ်သည့် အာဆီယံ အစားအစာပွဲတော် ၂၀၁၉(မန ္တလေး)ဖွင့်ပွဲကို မန ္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းရှိ MCC (Mandalay Convention center) တွင် ယနေ့နံနက် ကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်၊ မန ္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် အာဆီယံ သံရုံးများ ကိုယ်စား ဘရူနိုင်း ဒါရူဆလာမ်နိုင်ငံ သံအမတ်ကြီး Mr. Pehin Dato တို့က အတူတကွ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပြီး တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ဂျပန် လေး နိုင်ငံ ပါဝင်သည့် ASEAN + 4 နိုင်ငံများက MCC ပထမထပ်တွင် လာရောက် ခင်းကျင်းထားသည့် ဒေသ အစားအစာ ပြခန်းပေါင်း ၁၆၀ ကျော်တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ပြခန်းများအား လှည့်လည် ကြည့်ရှုကြစဉ် (ဆင်ဟွာ)

ထို့နောက် MCC အပေါ်ထပ်တွင် ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက် နေရာယူကြပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က လည်းကောင်း၊ အာဆီယံ နိုင်ငံ သံရုံးများ ကိုယ်စား ဘရူနိုင်း ဒါရူဆလာမ်နိုင်ငံ သံအမတ်ကြီး Mr. Pehin Dato က လည်းကောင်း အမှာစကားများ ပြောကြားခဲ့ကြကာ ပြခန်းများကို ဆက်လက် ကြည့်ရှု ခဲ့ကြသည်။

ပြခန်းများအား လှည့်လည် ကြည့်ရှုကြစဉ် (ဆင်ဟွာ)

စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

သြဂုတ် ၁၇ ရက်နှင့် ၁၈ ရက်၊ နံနက် ၉ း ၀၀ နာရီမှ ည ၉ း ၀၀ နာရီထိ ဖွင့်လှစ်ပြသထားမည့် အဆိုပါ ပြပွဲတွင် အာဆီယံ အစားအစာများ၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ အစားအစာများ၊ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းကြီး၏ အသင်းခွဲများ ဖြစ်သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မော်လမြိုင်၊ ရန်ကုန်၊ ကျိုက်ထို၊ ရခိုင် (ငပလီ)၊ရှမ်းတောင်၊ ထားဝယ်၊ မြိတ်၊ မန္တလေး၊ စစ်ကိုင်းဇုန် တို့မှ ဒေသထွက် အစားအစာများ ပါဝင်ပြသထားကြောင်း၊ မိတ်ဖက်အသင်း ဖြစ်သည့် Myanmar Chefs Association, Myanmar Bartenders Association, Myanmar Coffee Association တို့ကလည်း ပြပွဲ နှစ်ရက် အတွင်း လက်တွေ့ တင်ဆက် ပြသမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117