Connect with us

Education & Health

တိုင်းဒေသကြီး နှင့် ပြည်နယ် ၇ ခုတွင် ရာသီတုပ်ကွေး ရောဂါဖြင့် သေဆုံးသူ ၅၆ ဦးရှိ

ရာသီတုပ်ကွေး ရောဂါပိုး ကူးစက်မှု မရှိရန် mask တပ်ဆင် သုံးစွဲသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

တိုင်းဒေသကြီး နှင့် ပြည်နယ် ၇ ခုတွင် ရာသီတုပ်ကွေးရောဂါ (A(H1N1)pdm 09) ကြောင့် သေဆုံးသူ ဦးရေမှာ ဇူလိုင် ၁၆ ရက် အထိတွင် ၅၆ ဦးထိ ရှိလာခဲ့ကြောင်း နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် သေဆုံးသူ အများဆုံး ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်သော အချက်အလက်များ အရ သိရသည်။

ရာသီတုပ်ကွေးရောဂါ (A(H1N1)pdm 09) ကြောင့် ရန်ကုန်တိုင်းဒေသကြီး ၊ ဧရာဝတီ တိုင်းဒေသကြီး ၊ ကချင် ပြည်နယ် ၊ ပဲခူးတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီး ၊ မွန်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဖြစ်ပေါ်မှုများ အနက် ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံး အဖြစ် သေဆုံးသူ ၄၃ ဦး ရှိကြောင်း သိရသည်။

နိုင်ငံ တစ်ဝန်း ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင် ၁၆ ရက် အထိ ရာသီတုပ်ကွေးရောဂါ ဓာတ်ခွဲ စစ်ဆေးသူ ၆၈၂ ဦး ရှိကာ ဓာတ်ခွဲ အတည်ပြု ဖြစ်ပွားသူ ဦးရေမှာ ၂၈၁ ဦး ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း တုပ်ကွေးရောဂါပိုး စစ်ဆေးသူ ၁၁၆၅ ဦးအနက် ၄၅၈ ဦး တုပ်ကွေးပိုး တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၄၀၆ ဦးတွင် A H1N1 pdm09 ပိုးတွေ့ရှိရာ သေဆုံးသူ ၃၈ ဦး ရှိခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း တုပ်ကွေးရောဂါပိုး စစ်ဆေးသူ ၃၆၇ ဦးအနက် ၁၁၈ဦး တုပ်ကွေးပိုးတွေ့ရှိခဲ့ပြီး ၎င်းတို့ အနက် ၁၃ဦးသည် A H1N1 pdm09 ပိုး တွေ့ရှိရာ သေဆုံးသူ မရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ထားမှု အရ သိရသည်။

ရာသီတုပ်ကွေး ရောဂါ(Seasonal Influenza)သည် အသက်ရှု လမ်းကြောင်း ဆိုင်ရာ ကူးစက် ရောဂါ တစ်ခု ဖြစ်ပြီး ၊ Influenza Virus ပိုးကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ၊ ရာသီ တုပ်ကွေး ရောဂါ ဖြစ်စေသော ဗိုင်းရပ်စ်ပိုး အမျိုးအစား ၃ မျိုး (Type A,B and C) ရှိပြီး ယခုနှစ် ရာသီ တုပ်ကွေး ရောဂါ ဖြစ်ပွားမှု ဖြစ်စဉ်မှာ Seasonal Influenza Virus Type A ၏ အမျိုးအစားခွဲ တစ်ခု ဖြစ်သည့် Subtype A(H1N1)pdm 09 ကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)