Connect with us

Education & Health

မဟာမဲခေါင် ဒေသခွဲ အတွင်း မြန်မာနိုင်ငံ၌ ငှက်ဖျားရောဂါ ဖြစ်ပွားမူ အများဆုံး ဖြစ်နေပြီး ဌက်ဖျား ဆေးယဉ်ပါးမူမှာ ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်လာဟုဆို

ခြင်များက ငှက်ဖျားရောဂါ ပိုး ပြန့်ပွားစေသော အဓိက အကြောင်းရင်း တစ်ရပ်ဖြစ်သည် (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ငှက်ဖျားရောဂါ ဖြစ်ပွားမှုသည် မဟာမဲခေါင် ဒေသခွဲတွင် အများဆုံး ဖြစ်နေပြီး ငှက်ဖျားဆေး အာတီမီစီနင်း ယဉ်ပါးမှုသည်လည်း ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်နေကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေးက ပြောသည်။

မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါသည် ပထမ ဦးစားပေး တိုက်ဖျက်ရသော ရောဂါများ အနက် တစ်ခုအပါအဝင် ဖြစ်ပြီး ငှက်ဖျားရောဂါ ကင်းဝေးရေး စီမံချက်၏ ရည်ရွယ်ချက်များမှာ ၂ဝ၂ဝ ပြည့်နှစ်တွင် မြန်မာ တစ်နိုင်ငံလုံး၌ ငှက်ဖျားပိုး တွေ့ရှိမှု လူတစ်ထောင်လျှင် တစ်ယောက်အောက် လျော့နည်းစေရန်၊ ၂ဝ၃ဝ ခုနှစ်တွင် ငှက်ဖျား ရောဂါပိုး ကင်းဝေးသော မြန်မာနိုင်ငံ ဖြစ်လာစေရေးတို့ ဖြစ်ကြောင်း သိရသည်။

ငှက်ဖျားရောဂါ ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်ခဲ့ရာတွင် ၁၉၉ဝ ခုနှစ်တွင် ငှက်ဖျား ရောဂါ ကြောင့် သေဆုံးမှုမှာ လူဦးရေ တစ်သိန်းလျှင် ၁၃ ဦး ခန့်ရှိခဲ့ရာမှ ၂ဝ၁၄ ခုနှစ်တွင် သေဆုံးမှုသည် လူဦးရေ တစ်သိန်းလျှင် တစ်ဦးအောက် လျော့နည်းသည်အထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ငှက်ဖျား ရောဂါကြောင့်သေဆုံးမှု မရှိစေရေးနှင့် ငှက်ဖျားရောဂါ ဖြစ်ပွားမှု လူတစ်ထောင်လျှင် တစ်ဦးအောက် လျော့နည်းအောင် ဆောင်ရွက်နိုင်မှသာ အရှေ့တောင်အာရှဒေသတွင်း ငှက်ဖျား ရောဂါ ကင်းဝေးရေးကို ဦးတည်နိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.