Connect with us

Education & Health

ရာသီ တုပ်ကွေး ရောဂါအား အလွန် ကြောက်ရွံ့စရာ မလိုဘဲ ထိရောက်စွာ ကုသပေးနေဟုဆို

ရာသီ တုပ်ကွေး ဖြစ်စဉ်အား ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ရှင်းလင်း ပြောကြားနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ)

ပြည်သူလူထု အနေဖြင့် ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1)2009) နှင့် ပတ်သတ်၍ အလွန်တရာ ကြောက်ရွံ့စရာ မလိုဘဲ ထိရောက်စွာ ကိုင်တွယ် ကုသပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ သာထွန်းကျော်က ယနေ့ဇူလိုင် ၂၄ ရက်တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ရှင်းလင်း ပြောကြားခဲ့သည်။

“ရန်ကုန်တိုင်းဒေသကြီး အတွင်း ရာသီတုပ်ကွေး ရောဂါ ဘယ်လောက်များများစားစား ဖြစ်နေလဲ အနေအထား သိရအောင် ဆေးရုံများရဲ့စာရင်းဇယားများကို အခြေပြုပြီး ရန်ကုန်မြို့ပေါ်မှာ ရှိတဲ့ ဆေးရုံများတွင် ဆေးရုံ တက်လာတဲ့ လူနာများထဲမှ အဆုတ်ရောင်တဲ့ ရောဂါ လက္ခဏာ ရှိတဲ့ လူနာတွေထဲက ဘယ်နှစ်ယောက်က ရာသီတုပ်ကွေး ရှိတယ်ဆိုတဲ့ သတင်းတွေကို အဲဒီ အချက်အလက်ကို စုဆောင်းဖို့အတွက် ဒီနေ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ရာသီတုပ်ကွေးရောဂါသည် ကာကွယ်၍ ရသည့် ရောဂါ ဖြစ်ကြောင်း ၊ ကူးစက်နိုင်သည့် အခြေအနေများမှာ တိုက်ရိုက် ထိတွေ့ခြင်းဖြင့် ကူးစက်နိုင်သကဲ့သို့လေထဲတွင် ပျံ့နှံ့ပြီး အသက်ရှူလမ်းကြောင်းမှ တဆင့် ကူးစက်နိုင်ကြောင်း သိရသည်။

“ကိုယ်ခံအား ကျနေတဲ့သူတွေမှာ အထူး ဂရုစိုက်ရပါမယ်။အသက်အရွယ် ကြီးလွန်းတဲ့သူတွေ ၊ အသက် ငယ်လွန်းတဲ့ ကလေးတွေ ၊ ကိုယ်ဝန်ဆောင် မိခင်တွေ ၊ ဒါတွေဟာ ပိုပြီးတော့ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ဆီးချို ရောဂါ ၊ သွေးတိုး ရောဂါ ၊ နှလုံး ရောဂါ ဖြစ်နေတဲ့ သူများလည်း ဒီရာသီမှာ တုပ်ကွေး မကူးစက်ဖို့အထူး ဂရုစိုက် နေဖို့လိုအပ်ကြောင်း ပြောကြားလိုတယ်။ဒါအရမ်း အရေးကြီးပါတယ်။”ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဝင်းလွင်က အသိပေး ပြောကြားခဲ့သည်။

ရာသီ တုပ်ကွေး ရောဂါ ကာကွယ်နိုင်သည့် နည်းလမ်းများမှာ တစ်ကိုယ်ရေ သန့်ရှင်းမှု အထူးသဖြင့် လက် သန့်ရှင်းရန် အရေးကြီးကြောင်း ၊ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောရန် လိုအပ်ကြောင်း ၊ နှာချေ ၊ ချောင်းဆိုးပါက အုပ်၍ နှာချေ ၊ ချောင်းဆိုးရန် လိုအပ်ကြောင်း သိရသည်။ထို့ပြင် ရောဂါပိုးသည် ခန္ဓာကိုယ် ခံနိုင်ရည် အားကျဆင်းချိန်တွင် ဖြစ်ပွားခြင်း ဖြစ်သဖြင့် ကိုယ်ခံအား ကောင်းရန် လိုအပ်ကြောင်း သိရသည်။

ရာသီ တုပ်ကွေး ရောဂါ ဖြစ်ပွားမှု နှင့် ပတ်သတ်၍ ပြည်သူလူထု အနေဖြင့် ရောဂါ ကြိုတင် ကာကွယ်ရေး နှိုးဆော်ချက်များကို လိုက်နာ ဆောင်ရွက်သွားကြရန် နှင့် တုပ်ကွေးဆန်သော ရောဂါ လက္ခဏာများ ဖြစ်ပွား လာပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့သတင်း ပေးပို့ကုသမှု ခံယူရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။ရာသီတုပ်ကွေးရောဂါသည် ရန်ကုန်တိုင်းဒေသကြီးတွင် သုံးဦး၊ ချင်းပြည်နယ် မတူပီမြို့တွင် ၁၀ဦး ဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)