Connect with us

Education & Health

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စက်မှု သင်တန်းကျောင်း သုံးခု ထပ်မံတိုးချဲ့ရန်ဆွေးနွေး

မကွေးမြို့ရှိ စက်မှုသင်တန်းကျောင်းအားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စက်မှု သင်တန်းကျောင်း သုံးခု ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ရန် နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ဆွေးနွေးလျက် ရှိကြောင်း စက်မှုဝန်ကြီး ဌာန သင်တန်းကျောင်းများ ကြီးကြပ်ရေး ဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် စက်မှုဝန်ကြီးဌာန အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ အရ မန္တလေး၊ ဆင်တဲ၊ သာဂရ၊ ပခုက္ကူ၊ မကွေးနှင့် မြင်းခြံမြို့ တို့၌ နိုင်ငံတကာနှင့် ပူးပေါင်းကာ သင်တန်းကျောင်း ခြောက်ခု ဖွင့်လှစ် ထားကြောင်း သိရသည်။စက်မှုဝန်ကြီး ဌာနသည် စက်မှု သင်တန်းကျောင်းများ ဖွင့်လှစ်ရာတွင် မြေနေရာ၊ အဆောက်အအုံ စသည့် လိုအပ်ချက်များ ကို ပံ့ပိုးပေးထားပြီး နိုင်ငံတကာ အဖွဲ့အစည်း များကလည်း စက်ပစ္စည်းများ၊ သင်ထောက်ကူ ပစ္စည်းများနှင့် နည်းပညာ များကို ပူးပေါင်း ပါဝင်ကူညီ ခဲ့သည်။

ထို့ပြင် စက်မှုနှင့် အသက်မွေး ပညာရပ် များကို သင်ကြားလိုသူ များအနေဖြင့် စက်မှု ဝန်ကြီးဌာန၌ အခမဲ့ ရွေ့လျား သင်တန်းများ တောင်းခံနိုင်ကြောင်း၊ ယင်းအခမဲ့ သင်တန်း များကို အလွယ်တကူ တောင်းခံနိုင်မည် ဖြစ်ပြီး လူဦးရေနှင့် သင်တန်းပေးနိုင်ရန် နေရာရှိပါက ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ အခမဲ့သင်တန်းများ တောင်းခံရာတွင် လူဦးရေ ၂၅ ဦး စုစည်းမှု ရှိရန်လိုပြီး စက်မှုဇုန်များ အတွက် သင်တန်းဖွင့်လှစ် ပေးရန် တောင်းဆိုလို သူများ အနေဖြင့် ဘာသာရပ် ငါးခု၊ ကျေးလက်ဒေသများ အတွက် သင်တန်းတောင်းသူ များအနေဖြင့် ဘာသာရပ်သုံးခု တောင်းခံနိုင်ကြောင်း သိရသည်။အဆိုပါအခမဲ့ သင်တန်းများကို ရယူလိုပါက စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာန ရုံးအမှတ် (၃ဝ) နေပြည်တော်သို့ လိပ်မူ၍ သင်တန်းများ တောင်းခံနိုင်ပြီး ဖုန်း -ဝ၆၇- ၄ဝ၅၁ဝ၁ နှင့် ဝ၆၇- ၄ဝ၅ဝ၅၁ တို့သို့ ဆက်သွယ်စုံစမ်း နိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.