Connect with us

Education & Health

တက္ကသိုလ်ဝင် စာမေးပွဲ စာစစ်ဌာန အသစ် ၁၃၆ ခု ဖွင့်လှစ်ရန် စီစဉ်လျက်ရှိဟု ဆို

တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများအား ကြည့်ရှုနေကြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တက္ကသိုလ်ဝင် စာမေးပွဲ စာစစ်ဌာနအသစ် ၁၃၆ ခုတို့ကို ဖွင့်လှစ်ခွင့်ရရှိနိုင်ရန် စီစဉ်လျက်ရှိ သည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“အခြေခံပညာ ဦးစီးဌာန အနေဖြင့် ရေမျက်နီကျေးရွာနှင့် ကျင်းကျေးရွာ အပါအဝင် စာစစ်ဌာနအသစ် ၁၃၆ ခုအား ဖွင့်လှစ်ခွင့် ရရှိနိုင်ရေး အတွက် အမှုတွဲများကို ၂၀၁၆ အောက်တိုဘာ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနသို့ ပေးပို့ထားပြီးဖြစ်ပါတယ်၊ မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနက လုပ်ထုံး လုပ်နည်းများအတိုင်း စိစစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးက ပြောခဲ့သည်။

မကွေးတိုင်းဒေသကြီး ထီးလင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်လေးဦး၏ “ထီးလင်းမြို့ နယ် အတွင်းရှိ ရေမျက်နီကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် ကျင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတို့အား ၂၀၁၆ -၂၀၁၇ ပညာသင်နှစ်မှစ၍ တက္ကသိုလ်ဝင် စာမေးပွဲ စာစစ်ဌာန အဖြစ် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ မရှိ” ဟူသည့် မေးခွန်းကို ဖြေကြားရာတွင် ဒေါက်တာ မျိုးသိမ်းကြီးက ပြောခဲ့ခြင်း ဖြစ်သည်။

စာစစ်ဌာနအသစ်တစ်ခု ဖွင့်လှစ်ခွင့် ပြုနိုင်ရန်အတွက် စာစစ်ဌာနတွင် စာဖြေမည့် ကျောင်းသား ဦးရေ၊ လက်ရှိအခြေအနေအရ မည်သည့် စာစစ်ဌာနတွင် ဖြေဆိုနေရကြောင်းနှင့် တွေ့ကြုံနေရသော အခက်အခဲများ၊ မေးခွန်းနှင့် အဖြေများ လုံခြုံစွာ ထိန်းသိမ်းထားရှိနိုင်ရန် ဘဏ်၊ ငွေတိုက်၊ တပ်ရင်း တပ်ဖွဲ့၊ ရဲစခန်းနှင့် ရဲကင်း ရှိ မရှိနှင့် အခြား လိုအပ်သော အချက်အလက်များကို စာစစ်ဌာန ဖွင့်လှစ်လိုသည့် ကျောင်းမှ ကျောင်းအုပ်ကြီးက ဖြည့်စွက်ပြီး မြို့နယ် ပညာရေးမှူး၊ ခရိုင် ပညာရေးမှူး၊ တိုင်းဒေသကြီး ပညာရေးမှူးတို့၏ ကွင်းဆင်း စစ်ဆေးချက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ခံချက်တို့နှင့်အတူ အခြေခံပညာ ဦးစီးဌာနသို့ တင်ပြဆောင်ရွက် ရမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက လွှတ်တော်သို့ရှင်းပြခဲ့သည်။

“အခြေခံ ပညာ ဦးစီးဌာနက အဆိုပါ စာစစ်ဌာန အသစ်ဖွင့်လှစ်လိုသည်များကို ကွင်းဆင်း စစ်ဆေးပြီး မြန်မာနိုင်ငံ စာစစ်ဌာနဦးစီးဌာနက သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ မရှိ စိစစ်ကာ ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီသို့တင်ပြ အတည်ပြုချက် ရယူဆောင်ရွက်ရပါတယ်” ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။တက္ကသိုလ်ဝင်တန်း စာမေးပွဲစာစစ်ဌာန အသစ် ဖွင့်လှစ်လိုသည့် ကျောင်းများစာရင်းကို ၂၀၁၆ ခုနှစ်သြဂုတ်လ ၃၁ ရက် နောက်ဆုံးထား ပေးပို့ကြရန်အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ထိုသို့ပေးပို့လာသော စာစစ်ဌာန အသစ် ၁၃၆ ခုတို့၏ အမှုတွဲများအား မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသို့ ပေးပို့ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.