Connect with us

Education & Health

၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် စာဖြေလွှာ၏ ကျောဘက် စာမျက်နှာမှ စတင်ဖြေဆို ရမည်

၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားများ အား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် စာဖြေလွှာ၏ ပထမ စာမျက်နှာကို စာစစ်သူများ အမှတ်ပေါင်းရန် အသုံးပြုမည် ဖြစ်သဖြင့် ဖြေဆိုခွင့် မပြုတော့ဘဲ ကျောဘက် စာမျက်နှာမှ စတင် ဖြေဆို ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
တက္ကသိုလ်ဝင် စာမေးပွဲ အဖြေလွှာ၏ ပထမစာ မျက်နှာတွင် ” ဤ စာမျက်နှာသည် စာစစ်သူများ အသုံးပြုမည် ဖြစ်ပါ၍ ကျောဘက် စာမျက်နှာမှ စ၍ ဖြေဆိုပါ” ဟု ရေးသား၍ စာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာန များသို့ ဖြန့်ဝေမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဖြေလွှာတွင် ခုံအမှတ်နှင့် စာစစ်ဌာနတို့ကို သတ်မှတ်ထားသည့် နေရာတွင် ပီပီသသ ရေးရန်၊ ဖြေဆိုသူသည် အဖြေလွှာ ပေါ်၌ လက်မှတ် ရေးထိုးခြင်း၊ ဖြေဆိုသူ မည်သူမည်ဝါ ဖြစ်ကြောင်း သိစေနိုင်မည့် အမှတ်အသား သင်္ကေတများ ရေးသားခြင်း မပြုရန်၊ ပြုလုပ်ပါက အဖြေလွှာကို ပယ်ဖျက်မည် ဖြစ်ပြီး အဖြေလွှာတွင် မင်ဖျက်ဆေး သုံးစွဲခွင့် ပြုမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနမှ ညွှန်ကြား ထားသည်။

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၉ ရက်တွင် စတင် စစ်ဆေးမည် ဖြစ်ပြီး မတ်လ ၁၈ ရက်တွင် ဘာသာတွဲများ အားလုံး ဖြေဆို ပြီးစီးမည် ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် မေးခွန်း တစ်စုံ တည်းဖြင့်သာ ဖြေဆိုရမည် ဖြစ်ပြီး တက္ကသိုလ်ဝင် စာမေးပွဲအား ဝင်ရောက် ဖြေဆိုရန် လျှောက်ထားသူ ၆၇ဝ,ဝဝဝ ကျော် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.