Connect with us

Education & Health

လွှတ်တော် သတင်းယူမည့် သတင်းထောက် ၅၆ ဦးအား နေပြည်တော်၌ COVID-19 ရောဂါပိုး စစ်ဆေး

လွှတ်တော်၌ သတင်းရယူမည့် သတင်းထောက်များအား COVID-19 ရောဂါ ပိုးစစ်ဆေးရန် စာရင်းသွင်းနေသည်ကို တွေ့ရစဉ်။ (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စတင်မည့် တတိယ အကြိမ် လွှတ်တော် အစည်းအဝေးများတွင် တက်ရောက် သတင်းရယူကြမည့် သတင်းမီဒီယာသမားများအား COVID-19 ရောဂါ ပိုး စစ်ဆေးရန် swab test ရယူခြင်းကို ယနေ့နံနက် ၈ း ၀၀ နာရီ ၌ နေပြည်တော် စည်ပင် ဧည့်ရိပ်သာ (၂)၊ အဆောင် အမှတ် ၅၂ တွင် ပြုလုပ်ခဲ့ပြီး နေပြည်တော် အခြေစိုက် ပုဂ္ဂလိက မီဒီယာများမှ သတင်းထောက် ၅၆ ဦး အစစ်ဆေးခံခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လွှတ်တော် သတင်း ရယူမည့် ပုဂ္ဂလိက မီဒီယာများမှ သတင်းထောက်များတွင် နေပြည်တော် ပြင်ပမှ လာရောက်သည့် သတင်းထောက် ၁၀ ဦးတို့ကိုမူ ၎င်းတို့ quarantine ဝင်ရောက်ရာ ဟိုတယ်၌ပင် swab test ရယူ စစ်ဆေးမည် ဖြစ်ကြောင်း၊ နေပြည်တော် စည်ပင် ဧည့်ရိပ်သာ၌ ယနေ့နံနက်ပြုလုပ်သည့် swab test ရယူခြင်းတွင် နိုင်ငံပိုင် မီဒီယာများ ဖြစ်ကြသည့် သတင်းစဉ်၊ ပြန်/ဆက်နှင့် MRTV တို့မှ သတင်းထောက်များ၊ ဝန်ထမ်းများ စုစုပေါင်း ၄၃ ဦးလည်း ပါဝင် ကြောင်း၊ လွှတ်တော် သုံးရပ်မှ လွှတ်တော် ကိုယ်စားလှယ်များနှင့် ထိတွေ့ရမည့် လွှတ်တော် ဝန်ထမ်းများ၊ ဖယ်ရီကား ဒရိုင်ဘာ များ၊ စည်ပင် ဧည့်ရိပ်သာမှ ဝန်ထမ်းများလည်း ရောဂါပိုး စစ်ဆေးခံရသူများထဲတွင် ပါဝင်ကြောင်း သိရသည်။ (Xinhua)