Connect with us

Education & Health

မြန်မာနိုင်ငံ တွင် ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာန(Myanmar CDC) တည်ထောင်နိုင်ရေးဆွေးနွေး

ထိန်းချုပ်ရေး ဗဟိုဌာန၊ (Myanmar CDC) တည်ထောင်နိုင်ရေး အတွက် ပြုလုပ်သော ဆွေးနွေးပွဲအားတွေ့ရစဉ် (ဓာတ်ပုံ--M.O.I)

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တွင် ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာန၊ (Myanmar CDC) တည်ထောင်နိုင်ရေး အတွက် ပြုလုပ်သော ဆွေးနွေးပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက “မြန်မာ ပြည်သူများအတွက် US CDC ကဲ့သို့ ရောဂါများကို ကာကွယ်နိုင်မည့်၊ ကူးစက် ပြန့်ပွားမှုများကို ထိန်းချုပ်နိုင်မည့် ရောဂါထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC) တည်ထောင်နိုင်ရန် မျှော်လင့်ထားပါကြောင်း၊ အဆိုပါ ဌာနအနေဖြင့် ကူးစက်တတ်သော ရောဂါများကို သာမက မကူးစက် တတ်သော ရောဂါများ (ဥပမာ- သွေးတိုး၊ နှလုံး၊ ဆီးချို) စသည့် ရောဂါများကိုပါ ကာကွယ် ထိန်းချုပ်မှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်ပါကြောင်း’’ အဆိုပါအစည်းအဝေးတွင်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် လူတိုင်း လက်လှမ်းမီနိုင်သည့် ကျန်းမာရေး လွှမ်းခြုံ စောင့်ရှောက်မှုစနစ်များ ရရှိစေရန် ဆောင်ရွက်ရာတွင် မလိုလားအပ်သော ရောဂါဆန်းများ၊ ပုံမှန်ထက်ထူးကဲစွာ ရောဂါဖြစ်ပွားမှု အခြေအနေ များသည် ဆောင်ရွက်ဆဲ လုပ်ငန်းများကို နှေးကွေးစေနိုင်သည့် အတွက် (Myanmar CDC )ကဲ့သို့ ဌာနသည် အဆိုပါ အခြေအနေများကို ရင်ဆိုင် ဖြေရှင်းရာတွင် အလွန်ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည် ဟု မျှော်လင့်ပါကြောင်း၊ Myanmar CDC အဖြစ် ပေါ်ပေါက်လာရန် လုပ်ဆောင်ရာတွင် မိမိတို့နိုင်ငံအနေဖြင့် ဦးစားပေး ဆောင်ရွက်ရမည့် အခြေအနေများ လက်တွေ့လုပ်ဆောင်နိုင်မည့် လုပ်ငန်းများပေါ် မှုတည်၍ အဆင့်လိုက် လုပ်ဆောင်သွားရန် လိုအပ်မည်ဖြစ်ပြီး အားလုံးအတူတကွ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်လျှင် ပြည်သူလူထု၏ ကျန်းမာရေး အဆင့်အတန်းမှာ များမကြာမီ ကာလအတွင်း အဆင့်မြင့်လာမည်ဟု မျှော်လင့်ကြောင်း ဒေါက်တာမြင့်ထွေးကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.