Connect with us

Environment, Disasters & Accidents

တစ်နိုင်ငံလုံးတွင် မတ်လ ၁ ရက် ကစပြီး နွေရာသီဝင်ရောက်၊ ၂၀၂၀ နွေရာ သီသည် နေအပူချိန် ကိုခံစားရမည့် နှစ်တစ်နှစ်ဖြစ်

နွေရာသီ ပူပြင်းမှုကိုကာကွယ်ရန် ထီးနှင့်သွားလာနေသူတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ယခု အချိန်သည် ဆောင်းရာသီအထွက်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် မတ်လ ၁ ရက် ကစပြီး နွေရာသီဝင်ပြီဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်နွေရာ သီသည် နေအပူချိန် ကိုခံစားရမည့် နှစ်တစ်နှစ်ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်က ဆင်ဟွာကို ဖေဖော်ဝါရီ လ ၂၈ ရက်တွင်ပြောကြားသည်။ 

ဒေါက်တာသန်းနိုင်က “ဒီနှစ် နွေကပူမှာပဲ။ ဥပမာ-နေပြည်တော်မှာဆိုရင် အရင် နှစ်တွေ က အပူချိန်  ၃၅ ဒီဂရီစင်တီဂရိတ်ရှိရင် ဒီနှစ်က ၃၅.၅ ဒီဂရီ စင်တီဂရိတ်ရှိနိုင်တယ်။ပူမယ့်နှစ်ဖြစ်တယ်။ တစ်နှစ်တစ်နှစ်ပိုပူလာတာ ကို လူတွေလည်းခံစားရတယ်။ ဘယ်လောက်ပိုပူနိုင်တယ် ဆိုတာ လက်ရှိမှာပြောလို့ မရသေးပါဘူး။ စဉ်ဆက်မပြတ်ထုတ်ပြန်ပေးသွားမှာပါ’’ ဟုပြောသည်။

ထို့ပြင် ခေတ်မီတိုးတက်လာသည်နှင့် အမျှ မော်တော်ယာဉ်များ ၊ စက်ရုံ အလုပ်ရုံများ ပိုမိုများပြားလာကာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုတွေ ပိုမိုများလာကြောင်း၊ ၎င်း ထွက်သည့် ကာဗွန်ဒိုင်အောက်ဆိုက်များသည် လေထုထဲရောက်ပြီး လူများအနေဖြင့် အပူ ကိုပိုမိုခံစားရခြင်းဖြစ်ကြောင်း ဆိုသည်။ ခရမ်းလွန်ရောင်ခြည် ကနွေရာသီတွင် ပိုမိုများနိုင်ကြောင်း သိရသည်။

ဒေါက်တာသန်းနိုင်က “ခရမ်းလွန်ရောင်ခြည်တိုင်းတာက ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော်မှာ တိုင်းတာမှုတွေ လုပ်နေတယ်။မတ်လ ၁ ရက် က စပြီး ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း တွေ တိုင်းတာမှာပါ။ ပြည်သူတွေအနေနဲ့  မိုးဇလထုတ်ပြန်ချက်တွေ စောင့်ကြည့်ပြီး ထုတ်ပြန်ချက် ကို နားမလည် ရင် အချိန်မရွေး ဖုန်းဆက်မေးလို့ ရပါတယ်။ ၂၄ နာရီ ဖြေကြားပေးပါတယ်။ ရာသီဥတုပြောင်းလဲမှု အခြေအနေများကိုလည်း မိုးဇလ အနေနဲ့ အချိန်နဲ့ တပြေးညီထုတ်ပြန်ပေးနေပါတယ်’’ ဟုပြောသည်။

၂၀၂၀ ပြည့်နှစ်၊ မတ်လ ပထမ(၁၀)ရက်ပတ် တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် (၁.၅)ဒီဂရီစင်တီဂရိတ် ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှ အပူချိန်ခန့်သာ ရှိနိုင်ကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117