Connect with us

Environment, Disasters & Accidents

မတ်လ နှင့် ဧပြီလများအတွင်း မိုးလေဝသဖြစ်စဉ်များ နှင့်ပတ်သက်၍ ဂရုပြုနေထိုင်ရန် မိုးဇလထုတ်ပြန်

နွေကာလသတိပေးချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ)

ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ)

နွေကာလဖြစ်သည့် မတ်လ နှင့် ဧပြီလများအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသ ဖြစ်စဉ်များ နှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် ဂရုပြုနေထိုင်သွားကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်လ နှင့် ဧပြီလ များအတွင်း နေ့အပူများတဖြည်းဖြည်းမြင့် တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာ တစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချူန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း နှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့်မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း၊ လေပြင်းတိုက်ခိုက်စဉ် မြေပြင်/ရေပြင်လေပြင်သည် တစ်နာရီ ၃၅မိုင် မှ မိုင် ၄၀အထိ တိုက်ခိုက်နိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.