Connect with us

Environment, Disasters & Accidents

မန္တလေးမြို့၌ မီးလောင်မှု ဖြစ်ပွား၊ နေအိမ်၆လုံးထိ ကူးစက်လောင်ကျွမ်း


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းနှင့် လမ်း ၆၀ ကြား ဇ ၆ ရပ်ကွက်တွင် ယနေ့ နေ့လည် ၁၂နာရီ ဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၆လုံးထိ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထံမှ သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ မီးလောင်ကျွမ်းနေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

အဆိုပါ မီးလောင်မှုကို Level-1ဖြင့် စတင်မီးငြှိမ်းသတ်ရာ မီးလောင်မှုမီးများလာသဖြင့် နေ့လည် ၁၂နာရီ ၅မိနစ်တွင် Level 3 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း၊ ၁၂နာရီ ၁၀မိနစ်တွင် မီးထိန်းနိုင်ပြီး ၁၂နာရီ ၃၀တွင် မီးငြိမ်းသွားကြောင်း သိရသည်။မီးစတင်လောင်ကျွမ်းခဲ့သည် နေအိမ်ပိုင်ရှင်ကို ခေါ်ယူစစ်ဆေးမေးမြန်းမှုများပြုလုပ်နေပြီး မီးစတင်လောင်ကျွမ်း ရခြင်းအကြောင်းရင်းနှင့် ဆုံးရှုံးမှု တန်ဖိုးကို စစ်ဆေးနေကြောင်း သိရသည်။(Xinhua)