Connect with us

Environment, Disasters & Accidents

ကျားအကောင်ရေ အတိအကျ သိရှိနိုင်စေရန် ထောင်ချောက် ကင်မရာများ တပ်ဆင်ကာ လေ့လာမှုများ ပြုလုပ်နေပြီဖြစ်

မြန်မာနိုင်ငံအတွင်း ကျားမျိုးစိတ်များ မျိုးသုဉ်း ပျောက်ကွယ်မှု မရှိစေရန်နှင့် ကျားအကောင်ရေ အတိအကျ သိရှိနိုင်စေရန်အတွက် ထောင်ချောက် ကင်မရာများ တပ်ဆင်ကာ လေ့လာမှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအတွင်း ကျင်လည် ကျက်စားလျက် ရှိသည့် ကျားမျိုးစိတ်များ မျိုးသုဉ်း ပျောက်ကွယ်မှု မရှိစေရန်နှင့် ကျားအကောင်ရေ အတိအကျ သိရှိနိုင်စေရန် သဘာဝ ဘေးမဲ့တော များနှင့် ကျားများ ခိုအောင်းနိုင်သည့် နေရာဒေသ များ၌ ထောင်ချောက် ကင်မရာများ တပ်ဆင်ကာ လေ့လာမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) မှ သိရသည်။

ထိုကဲ့သို့ ထောင်ချောက် ကင်မရာ တပ်ဆင်မှုများကို မြန်မာနိုင်ငံ၌ ကျားများ ကျက်စားရာဒေသ ဖြစ်သော ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ ဟူးကောင်းချိုင့်ဝှမ်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောနှင့် တနင်္သာရီတိုင်း ဒေသကြီး တို့၌ တပ်ဆင်ကာ လေ့လာမှုများ ပြုလုပ်နေကြောင်း၊ ၎င်းအစီအစဉ်ကို သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS)၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ သစ်တောရေးရာ ဦးစီးဌာနတို့ ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် သစ်တော ပြုန်းတီးမှုများအား တစ်နှစ်ထက် တစ်နှစ် ပိုမိုရင်ဆိုင် လာနေရပြီး ကျားအပါအဝင် တခြားတောရိုင်း တိရစ္ဆာန်များလည်း တဖြည်းဖြည်း အကောင်ရေ ကျဆင်းလျက် ရှိကြောင်း သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ (Xinhua)