Connect with us

Environment, Disasters & Accidents

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ဒုတိယသမ္မတဦးဉာဏ်ထွန်း မီးဘေးသင့်ဒေသများသို့သွားရောက်မည်

နိုင်ငံတော်သမ္မတ အိမ်တော်၌ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ နှင့် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ များ တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုဖြစ်စဉ်များ နှင့် စပ်လျဉ်း၍ ကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင် ရေးလုပ်ငန်းများဆောင်ရွက်ရေး အရေးပေါ်အစည်းအဝေးကျင်းပနေစဉ် (ဓာတ်ပုံ- Myanmar President Office)

ရန်ကုန်၊ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတ အိမ်တော်မှာ ကျင်းပခဲ့သည့် အရေးပေါ် ကယ်ဆယ်ရေး အစည်း အဝေး ဆုံးဖြတ်ချက်များအရ နမ့်ဆန်မြို့ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ကယ်ဆယ်ရေးပစ္စည်းများနဲ့ အတူ နိုင်ငံတော်သမ္မတဦးသိန်းစိန် အနေဖြင့် ဖေဖော်ဝါရီလ ၅ရက်နေ့တွင် လားရှိုးသိ့ု သွားရောက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ထံမှ သိရသည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း သည်လည်း ယနေ့တွင် လပွတ္တာသို သွားရောက်မည်ဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နှင့် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ များ တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင် ရေးလုပ်ငန်းများဆောင်ရွက်ရေး အရေးပေါ်အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နိုင်ငံတော်သမ္မတ အိမ်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ အိမ်တော်၌ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ နှင့် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ များ တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုဖြစ်စဉ်များ နှင့် စပ်လျဉ်း၍ ကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင် ရေးလုပ်ငန်းများဆောင်ရွက်ရေး အရေးပေါ်အစည်းအဝေးကျင်းပနေစဉ် (ဓာတ်ပုံ- Myanmar President Office)

အစည်းအဝေးသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နှင့် ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က မီးဘေးသင့်ပြည်သူများ အတွက် စားနပ်ရိက္ခာများပံ့ပိုးရေး၊ ယာယီတဲများ၊ အဝတ်အထည်များ၊ Family Kit များဖြည့် ဆည်းပေးရေး၊ ကျောင်းသားကျောင်းသူများအတွက် လိုအပ်သော ကျောင်းသုံး စာအုပ်များ ပြန်လည်ဖြည့်ဆည်းပေးရေးနှင့် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အခက်အခဲမရှိအောင် ကူညီပံ့ပိုးပေးရေး၊ ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများ အမြန်ဆောင်ရွက်နိုင်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးအတွက် လိုအပ်သောပစ္စည်းများကို တပ်မတော်နှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့မှ အရေးပေါ်စီစဉ်ပို့ဆောင်ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးမှာကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆမ်မြို့၊ မင်္ဂလာရပ်ကွက်တွင် ဖေဖော်ဝါရီလ (၄) ရက် နေ့လည် ၁ နာရီ ၄၀ မိနစ် အချိန်ကစတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ နမ့်ဆန် မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များအပြင် လားရိူးခရိုင် မီးသတ်ဦးစီးမှူးး ဦးဆောင်ပြီး ခရိုင်အတွင်း နှင့် နီးစပ်ရာမြို့နယ် မီးသတ်စခန်းများမှ မီးသတ်ယာဉ် များဖြင့် ငြိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှှုအား အနီးကပ် ကြပ်မတ်ကွပ်ကဲနိုင်ရန် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းကျော်ကျော်အား စေလွှတ်ထားကြောင်း နှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်တွင် ကွပ်ကဲစခန်း ဖွင့်လှစ်ထားပြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး (ဌာနချုပ်)တို့မှ ကြပ်မတ် ကွပ်ကဲလျက်ရှိပါကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

လပွတ္တာမြို့ရှိ (၅)ရပ်ကွက် ကမ်းနားလမ်းတွင် ည ၈ နာရီခန့်မှ စတင်၍ မီးလောင်မှုဖြစ်ပွားမှုကို လပွတ္တာ မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၅)စီး၊ မြောင်းမြခရိုင်မီးသတ်ဦးစီးမှူး ဦးစီးပြီး မြောင်းမြမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၆)စီး၊ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးစီး၍ မီးသတ်ယာဉ် (၁၄) စီးဖြင့် ငြိမ်းသတ် ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
၄.၂.၂၀၁၆ရက်နေ့ ၊ ၂၀း၂၀ အချိန်ခန့် ဧရာဝတီတိုင်းဒေသကြီး ၊လပွတ္တာမြို့ ၊အမှတ် ၅ရပ်ကွက် ၊ ဧရာသီရိသဲလမ်းရှိ ပိုင်ရှင်ဦးနေဝင်းထွန်း ၏ သွပ်မိုးပျဉ်ကာပျဉ်ခင်း ၂ထပ်နေအိမ်တွင်နေအိမ် အတွင်းရှိ ဟောင်းနွမ်းဆွေးမြေ့နေသော ဝါယာကြိုးများအပူလွန်ကဲရာမှမီးစတင်လောင်ကျွမ်းခဲ့သောကြောင့် မီးငြိမ်းသတ်ယာဉ်၁၇စီး၊မီးသတ်ရေသယ်ယာဉ်၆စီး၊မီးသတ်စက်ယာဉ်၁စီး
အုပ်ချူပ်မှုယာဉ် ၂စီး ၊အပေါ့စား မီးသတ်စက် ၅၂ လုံး၊
မြို့ပေါ်ရပ်ကွက်များရှိ ရေစည်တင် ဒိန်းဒေါင်း ၆၀ စီး၊သန္ဓေ ၁၀၁ ဦး၊အရန် ၁၅၀ဦးတို့ဖြင့်ရေဂါလန် ၃၀၀,၀၀၀ ခန့်အသုံးပြု ငြိမ်းသတ်ခဲ့ရာ ၅.၂.၂၀၁၆ ရက်နေ့ ၀၃း၀၀ အချိန် မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့်
အမှတ် ၅ ရပ်ကွက်မှ နေအိမ် ၁၉ လုံးဈေးဆိုင်ခန်း ၂၀၊အမှတ် ၁ ရပ်ကွက် မှ နေအိမ် ၁၀လုံး၊အမှတ်၄ရပ်ကွက်မှ နေအိမ် ၁၅၀လုံး၊စုစုပေါင်းနေအိမ် ၁၇၉လုံး နှင့် ဈေးဆိုင်ခန်း ၂၀ ခန်းတို့ မီးလောင်ခံရပြီး ဆုံးရှူံးမှုတန်ဖိုးကျပ်သန်း ၃၂၇.၄၂၀ သန်းဖြစ်ကြောင်း နှင့် မီးဘေးသင့် အိမ်ထောင်စု ၁၉၅ စုရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.