Connect with us

Environment, Disasters & Accidents

အပင်များဖြင့် ဆိုလာဆဲလ် စမ်းသပ်ထုတ်လုပ်မှု အောင်မြင်စွာ သုတေသနပြုနိုင်

ဆိုလာဆဲလ် စမ်းသပ်ထုတ်လုပ်မှု ပုံစံငယ်ကို တွေ့ရစဉ် (ဓာတ်ပုံ- မြဝတီ)

ရန်ကုန်၊ဒီဇင်ဘာ၂၃ ရက် (ဆင်ဟွာ)

ပတ်ဝန်းကျင် ဂေဟစနစ်ကို ထိခိုက်မှုမရှိစေသော ဆိုလာဆဲလ် ကို အပင်များဖြင့် စမ်းသပ်ထုတ်လုပ်မှု အောင်မြင်စွာ သုတေသနပြု ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနမှ သတင်းရရှိသည်။

အဆိုပါ ဆိုလာဆဲလ်များကို အပင်များ၏ ပန်းပွင့်၊ အရွက်၊ အသီးနှင့်အခေါက် တို့မှ Natural Dyes များထုတ်ယူကာ သုတေသန ပုံစံငယ်များဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ဆိုးဆေး အခြေပြု၍ ထုတ်လုပ်ခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။

ထိုသို့ လုပ်ဆောင်ထားသည့် သုတေသန မူလပုံစံငယ် များကို အများပြည်သူနှင့် ကျောင်း သား၊ ကျောင်းသူများ လေ့လာ မှတ်သားနိုင်ရန် ပြသခဲ့ပြီး ရန်ကုန်တက္ကသိုလ် ၏ သိပ္ပံပွဲခင်း၌ စိတ်ဝင်စားမှု များပြားသော ပြကွက် တစ်မျိုးလည်း ဖြစ်ခဲ့သည်။

ဆိုးဆေး အခြေပြု ဆိုလာဆဲလ် (Dye Sensitized Solar Cell) သည် ပတ်ဝန်းကျင်ကို ထိခိုက်မှု မဖြစ်စေသည့်အပြင် ဈေးနှုန်းချိုသာစွာ ထုတ် လုပ်ပေး နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနမှ ဆရာမကြီးတစ်ဦးကပြောသည်။

ထို့ပြင် ကမ္ဘာပေါ်၌ စီးပွားဖြစ် အများဆုံး ထုတ်လုပ်နေသော Silicon Wafer အခြေခံဆိုလာဆဲလ် များကိုလည်း စမ်းသပ်ပြုလုပ် နေပြီဖြစ်ပြီး ဆဲလ်တစ်ခုချင်း စီကိုလည်း စမ်းသပ်နိုင်ပြီ ဖြစ်ရာ Solar Panel အပြားငယ်များ ကိုလည်း စမ်းသပ်ထုတ်လုပ် နေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.