Connect with us

Environment, Disasters & Accidents

ချင်းပြည်နယ်တွင် နေအိမ် ၈လုံး မီးလောင်ပြီး တစ်ဦးဒဏ်ရာရရှိ

ချင်းပြည်နယ်တွင် မီးလောင်နေမှုအား ငြှိမ်းသတ်နေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့ အမှတ်(၂)ရပ်ကွက်၊ မြန်မာ-အိန္ဒိယနယ်စပ် တံတား အနီးရှိ လူနေအိမ် (၈)လုံး ဧပြီ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်တွင် မီးလောင်ကျွမ်းခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် နယ်စပ်ကုန်သွယ်ရေးဌာနပိုင် နံကပ်နှစ်ထပ် အဆောက်အဦး (၁)လုံး၊ လူနေအိမ် နံကပ်နှစ်ထပ် အဆောက်အဦး (၅)လုံး၊ လူနေအိမ် တစ်ထပ် အဆောက်အဦး (၂) လုံး မီးလောင်ကျွမ်းခဲ့ပြီး မငွန်ရှန်းစီ အသက် (၁၇)နှစ်မှာ ပြင်းထန် ဒဏ်ရာ ရရှိ၍ ရိခေါဒါရ် တိုက်နယ်ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးဝါး ကုသပေးလျက်ရှိကြောင်း သိရသည်။(Xinhua)