Connect with us

Environment, Disasters & Accidents

ကမ္ဘာမြေအတွက်အချိန် (EARTH HOUR) နေ့ အခမ်းအနားကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပမည်

ကမ္ဘာမြေအတွက် အချိန် အား သရုပ်ပြနေစဉ် (ဓာတ်ပုံ--WFF)

ရန်ကုန်၊မတ် ၁၃ ရက် (ဆင်ဟွာ)

မတ်လ ၁၉ ရက်တွင် ကျရောက်မည့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းအတွက် လှုပ်ရှားမှု တစ်ခုဖြစ်သည့် ကမ္ဘာမြေအတွက်အချိန် (EARTH HOUR) နေ့ အခမ်းအနားကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ WWF (မြန်မာ) မှ သတင်းထုတ်ပြန်သည်။

ယင်းနေ့၏ ဒေသ စံတော်ချိန် ည ၈ နာရီခွဲမှ ၉ နာရီခွဲအထိ မလိုအပ်သည့် လျှပ်စစ်မီးများကို တစ်နာရီ တိတိ မှိတ်ထားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ EARTH HOUR နေ့ အခမ်းအနားသည် ကမ္ဘာမြေကြီး ရေရှည်တည်တံ့ နေရေး လူအများပူးပေါင်း ပါဝင်ဆောင်ရွက် နိုင်ကြရန် WWF ၏ တစ်ကမ္ဘာလုံး အတိုင်းအတာ လူထုလှုပ်ရှားမှု တစ်ရပ်ဖြစ်ပြီး ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကို တွင်တွင်ကျယ်ကျယ် အသုံးချနိုင်သည့် အနာဂတ် တစ်ခုဖြစ် လာရန် အားပေးတိုက်တွန်းမည် ဖြစ်ကြောင်း WWF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အဆိုပါ အခမ်းအနား၌ WWF မှ မြန်မာနိုင်ငံ အတွင်း ဆောင်ရွက်နေသော ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ လုပ်ငန်းများ အကြောင်း ရိုက်ကူးထားသည့် ဇာတ်လမ်းတိုကို ပြသကာ မြန်မာ့စွမ်းအင် ကဏ္ဍအတွက်
ရေရှည်အကျိုးများသော အနာဂတ်ဆိုင်ရာ ရည်မှန်းချက် အကြောင်း ပြောကြားမည် ဖြစ်ပြီး ညအချိန်တွင် လျှပ်စစ်မီးများ မှိတ်၍ ဖယောင်းတိုင်မီးများ ထွန်းညှိကာ EARTH HOUR နေ့ကို ဆင်နွှဲမည် ဖြစ်ကြောင်း သိရသည်။

EARTH HOUR နေ့ကို နှစ်စဉ် မတ်လ ၁၉ ရက် ဒေသစံတော်ချိန် ည ၈ နာရီခွဲမှ ၉ နာရီခွဲအထိ ဆင်နွှဲလေ့ရှိပြီး တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လူအများအပြား နှင့် နိုင်ငံများ တစ်နှစ်ထက် တစ်နှစ်တိုး၍ ပါဝင် ဆင်နွှဲလာကြရာ ယခုနှစ်တွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၇၂ နိုင်ငံ၌လည်း အသီးသီးကျင်းပ သွားကြမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.