Connect with us

Environment, Disasters & Accidents

ငလျင်ကြောင့် လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများရှိ

ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးသွားသော အဆောက်အဦးတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ- Myanmar Fire Service Department)

ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

အင်းအား ရစ်ချ်တာစကေး ၆.၈ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် လက်ရှိအချိန်ထိ လူ ၃ ဦးသေဆုံးကာ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူမြို့နယ် ကွမ်းရွာတွင် ပုဂ္ဂလိကပိုင် ဆေးပေါင်းရုံ အဆောက်အဦး တစ်လုံးပြိုကျမှုဖြစ်ပွားခဲ့ရာ အမျိုးသား ၁ ဦးသေဆုံး၍ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရေနံချောင်းမြို့ သစ်တပွေရပ်ကွက်တွင် ၇ နှစ်အရွယ်နှင့် ၁၅ နှစ်အရွယ်အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထ့ိုပြင်အခြားထိခိုက်ဒဏ်ရာရရှိမှု သေဆုံးမှုများအား ဆက်လက် ကယ်ဆယ် ရှာဖွေလျက်ရှိကြောင်းလည်း သိရသည်။ပျက်စီးဆုံးရှုံးမှု အခြေအနေများတွင် လက်ရှိအခြေအနေထိ စာရင်းဇယားများအရ မန္တလေးတိုင်းဒေသကြီးတွင် အင်အားပြင်းထန်သော မြေငလျင်ဒဏ်ကြောင့် ပုဂံညောင်ဦးမြို့ရှိ ဘုရားစေတီပေါင်း (၉၄) ဆူ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

ငလျင်လှုပ်ခတ်မှုကို နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် ၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ခံစားခဲ့ရပြီး ဘုရားစေတီများ ပျက်စီးခြင်း၊ အဆောက်အဦး ပြိုကျခြင်းများ ရှိခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117