Connect with us

Environment, Disasters & Accidents

ငလျင်ငယ်များ အကြိမ်အရေအတွက် ခပ်စိတ်စိတ် လှုပ်ခတ်မှုများကြောင့် သတိထား စောင့်ကြည်နေ

၂၀၁၂ ခုနှစ်အတွင်းက မန္တလေးတိုင်း အတွင်း လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် ပျက်စီးမှုများအား တွေ့ မြင်ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ယခုရက်ပိုင်း ငလျင်ငယ်များ အကြိမ်အရေအတွက် စိတ်ပြီး လှုပ်ခတ်ခဲ့မှုများကြောင့် ငလျင်ကြီး တစ်ခု၏ ရှေ့ပြေးငလျင်များ ဖြစ်မည်လား ဆိုသည်ကို အနည်းငယ် စိုးရိမ်ပူပန်မိပြီး သတိထား စောင့်ကြည့် နေကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ ဦးစိုးသူရထွန်းက ဆင်ဟွာ သို့ဇန်နဝါရီ ၁၃ ရက်တွင် ပြောခဲ့သည်။

“အခုလှုပ်တဲ့ ငလျင်တွေကတော့ ငလျင်ငယ်လေးတွေပါ။ဒါပေမယ့် အကြိမ်ရေတွက်က နည်းနည်းလေး စိတ်နေ ပါတယ်။ဒါကြောင့် ကျွန်တော်တို့လည်း သတိထားပြီးတော့ စောင့်ကြည့်နေပါတယ်။ဇန်နဝါရီ ၁၂ ရက် လှုပ်ခဲ့တဲ့ လက်ခုတ်ကုန်းနားမှာ အရင်တုန်းက ငလျင်အလတ်တွေ လှုပ်ခဲ့ဘူးတဲ့ မှတ်တမ်းတော့ ရှိတယ်။ဒါပေမယ့် အဲဒီနေရာရဲ့အရှေ့ဘက်မှာ ငလျင် အကြီးကြီးတွေ လှုပ်ခဲ့တဲ့ စစ်ကိုင်း ပြတ်ရွေ့နဲ့ကလည်း သိပ်မကွာတဲ့ အခါကြတော့ ဆက်စပ်မှုများ ရှိနေမလား ဆိုတာလဲ နည်းနည်း ပူပန်ပါတယ်။ တကယ်လို့ဒါဟာ ရှေ့ပြေးငလျင်လိုမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ငလျင်ကြီး တစ်ခုရဲ့ရှေ့ပြေးငလျင်များ ဖြစ်မလား ဆိုတာကို နည်းနည်း ပူပန်တာပေါ့။ ဒါပေမယ့် ရှေ့ပြေးငလျင် ဆိုတာမျိုးက တကယ်တမ်း မှတ်တမ်းတွေမှာဆိုရင် ရှိပါတယ်။ဖြစ်ခဲပါတယ်။ငလျင်အကြီးကြီးတွေက တစ်ခါတည်း လှုပ်လိုက်ပြီးမှ နောက်ဆက်တွဲ ငလျင်က ပိုပြီး သိသာတယ်လေ။ဒါကြောင့် ဒါကို ရှေ့ပြေးငလျင် ဖြစ်မယ်လို့တော့ တိတိကျကျ မပြောနိုင်ဘူး။ဒါပေမယ့် အားလုံးက သတိထား စောင့်ကြည့်သင့်တယ်လို့တော့ ထင်ပါတယ်။” မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ ဦးစိုးသူရထွန်းက ပြောသည်။

မြန်မာနိုင်ငံ ပြည်တွင်း ရန်ကုန်မြို့တောင်ဖက် လက်ခုတ်ကုန်းကမ်းခြေတဝိုက်ကို ဗဟိုပြု၍ ပြင်းအား ၄.၈ ရစ်ချ်တာစကေး အင်အား အနည်းငယ်ရှိသော မြေငလျင်သည် ဇန်နဝါရီ ၁၂ ရက် ည ၉ နာရီ ၂၉ မိနစ်တွင် စတင် လှုပ်ခတ် ခဲ့ပြီးနောက် ဆက်လက်၍ နောက်ဆက်တွဲ ငလျင်ငယ် ၃ ကြိမ် လှုပ်ခတ်ခဲ့ပြီး ပမာဏအားဖြင့် ၄.၀ ၊ ၃.၆ ၊ ၂.၈ ရစ်ချ်တာစကေး အသီးသီး ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ ထုတ်ပြန်ခဲ့သည်။

“ဒါက ခုနက ပြတ်ရွေ့ကြော အကြီးကြီးနဲ့တိုက်ရိုက် ဆက်စပ်ရင်တော့ မှုလ ဒီနေရာမှာ စစ်ကိုင်း ပြတ်ရွေ့ကလည်း မလှုပ်ခဲ့တာက နှစ်တော်တော် ကြာနေပြီ။နှစ်ပေါင်း ၈၀ ကျော် ရှိနေပြီ ဆိုတဲ့အခါကြတော့ ပမာဏ ၇ လောက် ရှိတဲ့ ငလျင်ကြီးတွေ လှုပ်နိုင်တယ်။လှုပ်နိုင်တဲ့အတွက် အဲလို တစ်ကျော့ပြန် ဖြစ်ဖို့အတွက် အလားအလာများလား ဆိုတာတော့ သတိထားရမယ့် သဘောပေါ့။ဒါပေမယ့် သာမန် အဲဒီနားလေး တစ်ဝိုက်မှာလည်း ငလျင်ကြောငယ်လေးတွေ ရှိတော့ ဒါကြောင့်လည်း ငလျင် ငယ်လေးတွေ လှုပ်တတ်ပါတယ်။အဲဒီတော့ ငလျင်ငယ်လေးပဲ လှုပ်ပြီးတော့လည်း ပြီးသွားနိုင်ပါတယ်။”ဟု မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ ဦးစိုးသူရထွန်းက ထပ်မံ ပြောကြားခဲ့သည်။
ထို့ပြင် ပြည်သူများအနေဖြင့် ငလျင်လှုပ်ခတ်မည့် အချိန်များအား သိရှိ မှန်းဆနိုင်ခြင်း မရှိသည့်အတွက် ကြိုတင် ပြင်ဆင်မှုများ သေချာစွာ ဆောင်ရွက်ထားသင့်ကြောင်း ၊ ငလျင်ဒဏ်ခံရပါက သတိထားသင့်သည့် အချက်များအား အကြုံပြု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ၊ ၃၀ အတွင်း ငလျင်အလတ်စားများသာ လှုပ်ခတ်ခဲ့ပြီး အကြမ်းဖျင်း ဆိုပါက အင်အား ပမာဏ ၇ အဆင့်လောက် ရှိသည့် ငလျင်များ လှုပ်ခတ်ခြင်း မရှိသည်မှာ နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်နေပြီ ဖြစ်ကြောင်း ၊ အင်အားပြင်း ငလျင်များအဖြစ် ၆.၅ အဆင့်ရှိ ပုဂံငလျင် ၊ ၆.၈ အဆင့်ရှိ တောင်တွင်းကြီး ငလျင် ၊ ၆.၈ အဆင့်ရှိ တာချီလိတ် တာလေ ငလျင် ၊ ၆.၈ အဆင့်ရှိ သပိတ်ကျင်း ငလျင်များ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117