Connect with us

Environment, Disasters & Accidents

တောင်မြောက်လမ်းဆုံအနီး ဆီသယ်ယာဉ် မီးလောင်မှုကြောင့် နစ်နာသူများအား ကူညီပေးရန် စီစဉ်နေဟုဆို

ဆီသယ်ယာဉ် မီးလောင်ပြီး နေအိမ်များအားမီးကူးစက်လောင်ကျွမ်းနေစဉ် (ဓာတ်ပုံ-မီးသတ်ဦးစီးဌာန)

ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး တောင်မြောက်လမ်းဆုံအနီး ဆီသယ်ယာဉ်နှင့် ကွန်တိန်နာတို့ ယာဉ်တိုက်မှုဖြစ်ပြီး ဆီသယ်ယာဉ်မီးလောင်ကျွမ်းခဲ့ရာ အနီးရှိနေအိမ်များပါ မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် နစ်နာသူများအား ဆီသယ်ယာဉ် ကုမ္ပဏီဘက်မှ ကူညီပေးရန် အစီအစဉ်ရှိကြောင်း National Energy Puma Aviation Services (NEPAS)ကုမ္ပဏီထံမှ သိရသည်။

“ကုမ္ပဏီအနေနဲ့လည်း အခု ဒီကိစ္စကို အဓိကဦးစားပေးထားပြီး စုံစမ်းစစ်ဆေးနေပါပြီ၊ ကိုယ့်ဘက်က အမှားရယ်လို့မဟုတ်ပေမယ့် သက်သက်ကြီး မီးလောင် နစ်နာသွားခဲ့ရတဲ့ လူတွေအတွက် ဘယ်လိုကူညီလို့ရနိုင်မယ်ဆိုတာကို ခု စီစဉ်နေပါတယ်၊ ဘယ်လိုပုံနဲ့ ကူညီမလဲဆိုတာ အဆင့်ဆင့် ဆွေးနွေးပြီး . မကြာခင် ပြောမှာပါ”ဟု အစီအစဉ်ရှိကြောင်း National Energy Puma Aviation Services (NEPAS)ကုမ္ပဏီ၏ ဆက်သွယ်ရေးအရာရှိ ဒေါ်နန်းညီက ပြောသည်။

သြဂုတ်လ ၂၂ ရက်နေ့ ည ၉နာရီကျော်က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၂၆ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဆီဘောက်ဆာကားအား ကွန်တိန်နာကားမှ အနောက်မှဝင်တိုက်မိပြီး ဆီဘောက်ဆာကား မီးလောင်မှုဖြစ်ပွားသဖြင့် အနီးရှိ နေအိမ် ၆လုံးအား မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ဆုံးရုံးမှုတန်ဖိုး ကျပ် သိန်း ၆၀၀ကျော်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

“ယာဉ်တိုက်မှုဖြစ်တဲ့အချိန်မှာ တစ်နာရီကို ၁၆ ကနေ ၂၅ ကီလိုမီတာ နဲ့ မောင်းတာပါ၊ GPS record တွေကို စစ်ထားပြီးပါပြီ၊ ကားက ဆီသယ်ဖို့ သီးသန့်ထုတ်ထားတဲ့ လုံခြုံရေးအဆင့်မြှင့်ထားတဲ့ကားဆိုတော့.. GPS recordတွေပါပါတယ်”ဟု ဒေါ်နန်းညီက ဆိုသည်။

ယင်း ဆီသယ်ယာဉ်မီးလောင်ကျွမ်းမှုကို မီးသတ်ဦးစီးဌာနမှ Level 4အဆင့်သတ်မှတ်ပြီး မီးငြိမ်းသတ်ခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.