Connect with us

Environment, Disasters & Accidents

တာချီလိတ်မြို့၌ လူနေအိမ်တစ်လုံး အပေါ်ဆုံးထပ် မီးလောင်၍ တစ်ဦး သေဆုံး

တာချီလိတ် မြို့ ၌ မီးလောင်ကျွမ်းမှု မြင်ကွင်းအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ ဂေါ်သဇင်လမ်းရှိ နေအိမ်တစ်လုံး၏ အပေါ်ဆုံးထပ်တွင် ယနေ့ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ပိုင်ရှင် ဖြစ်သူ သေဆုံးသွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

တာလော့ရပ်ကွက်၊ ဂေါ်သဇင်လမ်း ၊ အိမ်အမှတ်(၄/၁၆၀)(က၊ခ) ၊ ၅ ထပ်တိုက် အပေါ်ဆုံးထပ်ရှိ ဘုရားစင် တွင် ဖယောင်းတိုင် မီးပူဇော်ရာမှ နံနက် ၈နာရီ ၂၀ ခန့်က မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးသတ်ယာဉ်၊ ရေသယ်ယာဉ် စုစုပေါင်း(၁၀)စီး ၊ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှ မီးသတ်ယာဉ်များဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ရာ နံနက် ၉ နာရီ ၄၅ တွင် မီးညွန့်ကျိုးကာ ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် မီးလုံး၀ ငြှိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် နေအိမ် ပိုင်ရှင်မှာ သေဆုံးခဲ့ပြီး ၊ အခန်းအတွင်းရှိ ပစ္စည်းများမီးလောင်ဆုံးရှုံးခဲ့သော်လည်း အခြားနေရာများသို့ မီးကူးစက် လောင်ကျွမ်း ခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.