Connect with us

Environment, Disasters & Accidents

ဦးကိုနီ သေဆုံးမှုအတွက် အစိုးရအနေဖြင့် အဖြစ်မှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးပြီး လုံခြုံရေးအတွက် အထူးအလေးထား ဆောင်ရွက်နေဟု ထုတ်ပြန်


နေပြည်တော်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ ရန်ကုန်လေဆိပ်တွင် သေနတ်နှင့် ပစ်သတ်ခံရမှုအတွက် နိုင်ငံတော်အစိုးရအနေဖြင့် အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးမှုဆောင်ရွက်နေပြီး လုံခြုံရေးအတွက်လည်း အထူးအလေးထား ဆောင်ရွက်နေကြောင်း နိုင်ငံတော် သမ္မတရုံးက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

ယင်း လုပ်ကြံမှုအား ကနဦးစစ်ဆေးချက်အရ နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သုံးသပ်တွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးကိုနီ သေဆုံးမှုအတွက် နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော ထုတ်ပြန်ချက်အား တွေ့ရစဉ် (ဓာတ်ပုံ- Myanmar President Office)

အဆိုပါ ဖြစ်စဉ်ကြောင့် ပြည်သူများ အထိတ်တလန့်မဖြစ်ဘဲ တည်ငြိမ်အေးချမ်းစွာ နေထိုင်ကြရန်၊ ဘာသာရေးနှင့် လူမျိုးရေးသွေးထိုး မှု သတိပြုရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိလုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်နှင့် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင် လုပ်ဆောင်မှုများနှင့် စပ်လျဉ်းသော ထူးခြားဖြစ်စဉ်များ တွေ့ရှိပါက တာဝန်ရှိသူများကို အမြန်ဆုံး ဆက်သွယ်ပေးရန် ထုတ်ပြန်ချက်တွင် မေတ္တာရပ်ခံထားသည်။

ဦးကိုနီသည် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့နှင့် အင်ဒိုနီးရှားနိုင်ငံသို့ လေ့လာရေးခရီး လိုက်ပါသွားခဲ့ပြီး ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိ ချိန် ဇန်နဝါရီ ၂၉ရက်နေ့ ညနေ ၅နာရီကျော်က သေနတ်သမား တစ်ဦး၏အနီးကပ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း၊ ယင်းလုပ်ကြံသော တရားခံကို ဖမ်းဆီးပေးသော တက္ကစီယာဉ်မောင်းလည်း သေနတ်သမား ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117